ပုံမှာ မြင်တွေ့နေရတာဟာ Samsung Galaxy Edge Plus ဖြစ်အောင် အင်တာနက်မှာ အတော်လေး ပျံ့နေပါပြီ။ လက်ရှိ Edge က ၅.၁ လက်မ ဝန်းကျင်ရှိပြီး အသစ်ထွက်မယ့် Edge Plus ဟာ ၅.၅၄ လက်မ မျက်နှာပြင် ရှိမှာ ဖြစ်ကြောင်း ဆိုပါတယ်။
RAM 3GB ပါဝင်ပြီး ကင်မရာ 16GB ပါဝင်ပါမယ်။ Selfie ကင်မရာကတော့ 5 Megapixel ပါဝင်မှာ ဖြစ်ပါတယ်။ Samsung Galaxy Edge Plus ကို သြဂုတ်လ ၁၂ ရက်မှာ ပွဲထုတ်မှာ ဖြစ်ပြီး Samsung Galaxy Note 5 နဲ့အတူ ထွက်ရှိလာနိုင်ချေ ရှိတယ်လို့လည်း ခန့်မှန်းထားပါတယ်။ Samsung Galaxy S6 နဲ့ S6 Edge မှာတုန်းက Marvel comic က ဟီးရိုးဗားရှင်းများ ထွက်ရှိပြီး တစ်လုံးကို အမေရိကန်ဒေါ်လာ တစ်သောင်းကျော်မက အထိတောင် တရုတ်ပြည်မှာ ပေါက်ဈေးရတဲ့အထိ အောင်မြင်ခဲ့ဖူးပါတယ်။
ဒီတစ်ခါ Edge Plus နဲ့ Note 5 မှာကော ဘယ်လို edition တွေနဲ့ ဈေးကွက် စွဲဆောင်မလဲ ဆိုတာ စိတ်ပါဝင်စားလျက် ရှိကြ ပါတယ်။
.
Ref: pocketlint
အောင်ခမ်း (MMAS)
.
Ref: pocketlint
အောင်ခမ်း (MMAS)

No comments:
Post a Comment