စမတ်ဖုန်းလောကမှာ Security ပိုင်းဆိုင်ရာ လုံခြုံမှု ကိုယ်ပိုင် OS အသုံးပြုမှု
သေသပ်လှတဲ့ Qwerty Keyboard အစရှိတာတွေကြောင့် သူ့ခေတ်သူ့အခါတုန်းကတော့
ဆရာ တစ်ဆူလို့ ဆိုနိုင်ပါတယ် ဒါပေမယ့် Android OS ထွက်ရှိပြီးသကာလ
RIM ရဲ့ Blackberry ဟာ ကမ္ဘာ့ စမတ်ဖုန်းလောကမှာ နေရာတစ်နေရာကျန်ဖို့ကို တော်တော်ရုန်းကန်ခဲ့ရပါတယ်
ကိုယ်ပိုင် OS ဖြစ်တဲ့ Blackberry OS ကို Develop လုပ်ရင်း လူအများလက်ခံအသုံးပြုနေကြတဲ့
Android ဘက်မှာလည်း စမတ်ဖုန်းထွက်ဖို့ ကြိုးစားခဲ့ပါတယ်
အရည်သွေးဆိုင်ရာမှာ စိတ်ချရတဲ့ RIM ရဲ့ Blackberry SmartPhone တွေဟာ Popular ဖြစ်တဲ့
Android OS နဲ့ ပူးပေါင်းခဲ့ပေမယ့် ယင်းတို့ရဲ့ အမှတ်သညာဖြစ်တဲ့ Qwerty Keyboard ကိုတော့ မစွန့်လွှတ်ခဲ့ပါဘူး
အခုလည်း Android OS သုံး Blackberry စမတ်ဖုန်း အဖြစ် ထွက်ရှိမယ့် Venice စမတ်ဖုန်းမှာလည်း
Slide Keyboard ကို ထည့်သွင်းထားတဲ့ ပုံတွေ Online မှာ ထွက်ပေါ်လာပါပြီ
Touch Screen Keyboard ကိုငြီးငွေ့နေမယ့် Android User တွေအတွက် အပြောင်းအလဲ သစ်ကို မိတ်ဆက်ပေးမှာဖြစ်ပါတယ်
အဆိုပါ Venice စမတ်ဖုန်းမှာတော့ Quad – HD Resolution ပြသပေးနိုင်မယ့် Display တပ်ဆင်ပေးထားပြီး
5.4 inch မျက်နှာပြင်ကလည်း ယခုခေတ် စမတ်ဖုန်း တွေနဲ့ယှဉ်ပေါင်တန်းနိုင်လောက်တဲ့ အနေအထားပါ
ဒါ့အပြင် ကြီးမားတဲ့ Touch Screen ကို အသုံးပြုပြီး စာရိုက်ရတာ ငြီးငွေ့မယ်ဆိုရင်
Qwerty Keyboard ကို slide ထုတ် အသုံးပြုနိုင်အုန်းမှာ ဖြစ်ပါတယ်
ယင်းစမတ်ဖုန်းမှာတော့ Snapdragon 808 CPU ကို RAM 3GB နဲ့ တွဲဖက် တပ်ဆင်ပေးထားပါတယ်
Rear Camera အနေနဲ့ 18MP ကိုတပ်ဆင်ပေးမယ်လို့ သတင်းတွေထွက်ရှိထားပြီး
UI ကိုလည်း အနည်းကျဉ်းသာ ပြုပြင်ကာ 5.0 lollipop Pure Android အတိုင်းဘဲ ထွက်ရှိလာနိုင်ဖွယ်ရှိနေပါတယ်
အခုချိန်ထိ Blackberry Venice နဲ့ ပတ်သတ်ပြီး Official ဆိုလို့ ဘာမှ မပြောနိုင်သေးဘဲ
ထွက်လာတဲ့ ပုံတွေ သတင်းတွေအရသာ ဖြစ်မယ်ဆိုရင်တော့ Android လောကမှာ
Mobiel လောက ပါရဂူတစ်ဦး ရောက်ရှိလာပြီး ဘယ်လို ဒုက္ခတွေ့ကြမလဲဆိုတာတော့
ငွေရောင် ပိတ်ကားထက် စောင့်မျှော်ကြည့်ရှုကြရအုံးမှာဖြစ်ပါတယ်..
Source – Tinhe . Vn
Aung Khaing (MMAS)
No comments:
Post a Comment