iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Monday, August 31, 2015

ပြင်သစ်က ထုတ်တဲ့ Archos Diamond Tab အမည်ရ Tablet


ပြင်သစ် အခြေဆိုက် Archos အမည်ရကုမ္ဗဏီကနေပြီးတော့ Diamond S လို့ အမည်ရတဲ့ စမတ်ဖုန်းကို ထုတ်လုပ်ခဲ့ပါတယ်။ မြန်မာပြည်တော့ အရောက်အပေါက် နည်းပါလိမ့်မယ်။ ဒီတစ်ခါတော့ Tablet ထုတ်ပြီး Diamond S လို့ အမည်ပေးထား ပါတယ်။
ဥရောပ ပစ္စည်းဖြစ်တဲ့အတွက် အရည်အသွေးကောင်းတာက အားသာချက် ဖြစ်ပြီး ဈေးနှုန်းကလည်း affordable ဖြစ်ပါတယ်။ ၁၇၉ ဗြိတိန်ပေါင်ပါ။ အတွင်းမှာ သုံးထားတဲ့ Sepc က မြင့်ပါတယ်။ ၇.၈ လက်မ အရွယ် မျက်နှာပြင်ကို အသုံးပြုပြီး Octa Core 1.7GHz Processor ကို အသုံးပြုပါတယ်။ RAM က 3GB ပါ။ Internal Storage က 32GB ပါဝင် ပါတယ်။ Wi-Fiနဲ့ 4G/LTE ထောက်ပံ့တာကြောင့် SIM Card ထည့်သုံးနိုင်ပါတယ်။ မျက်နှာပြင် အရည်အသွေးက IPS ဖြစ်ပြီး2048×1536 resolution ရှိပါတယ်။ ရှေ့ကင်မရာ 2MP ပါဝင်ပြီး နောက်ကင်မရာ 5Megapiexl ပါဝင်ပါတယ်။
Android 5.1 Lollipop ကို အသုံးပြုထား ပါတယ်။ Archos Diamond Tab ကို လာမယ့် အောက်တိုဘာလကနေ စတင်ရောင်းချသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: pocketlint
အောင်ခမ်း (MMAS)

No comments:

Post a Comment