iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Sunday, August 30, 2015

ရေထဲတွန်းချ ပြီး ကျောက်ခဲဖြင့်ထုကာ ခရီးဆောင်အိတ် ယူဆောင်သွားသူကို ဖမ်းဆီးရမိ


နေပြည်တော် သြဂုတ် ၂၉

ကရင်ပြည်နယ် ဘားအံမြို့ ထုံးအိုင်ရွာအရှေ့ မြောက် ဘက် ကော့မှူးရာရွာနှင့် ကော့တမလိန်ရွာကြား မြေနီ လမ်းပေါ်ရှိ တံတားအုတ်ခုံပေါ်၌ ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် ဇီးဖြူကုန်းကျေးရွာနေ မသီတာ(၃၆ နှစ်) သည် သြဂုတ်၂၈ ရက်က ဘားအံမြို့နယ် ဝါးဆူး ကျေးရွာနေ စောထူး(ခ)ဖိုးကေ(၂၁ နှစ်)က ချိန်းဆိုသဖြင့် သွားရောက်တွေ့ဆုံစဉ် စောထူး(ခ)ဖိုးကေက မသီတာကို ရေထဲတွန်းချပြီး ကျောက်ခဲဖြင့် နှစ်ချက်ထုကာ မသီတာ၏ ခရီးဆောင်အိတ်ကို ယူဆောင်ထွက်ပြေး ခဲ့သည်။

 ခရီးဆောင်အိတ်အတွင်း အဝတ်အစားများ နှင့် အလေးချိန် နှစ်ပဲ လေးရွေးရှိ ရွှေဖြင့် ပြုလုပ်ထား သည့် ကျောက်နီလက်စွပ်တစ်ကွင်း၊ အလေးချိန် ငါးပဲရှိ MC ရွှေဟန်းချိန်း တစ်ခု၊ အလေးချိန် ကိုးပဲရှိ ရွှေဆွဲကြိုး တစ်ကုံး၊ အလေးချိန် တစ်ပဲ သုံးရွေးရှိ ရွှေကြုတ်တစ်ခုနှင့် Telenor ဆင်းကတ်သုံးခုတို့ ပါသွားသောကြောင့် လုယူ သွားသူ စောထူး(ခ)ဖိုးကေကို အရေးယူပေးပါရန် မသီတာက ထုံးအိုင်နယ်မြေရဲစခန်းသို့ တိုင်တန်းသဖြင့် ထုံးအိုင်နယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

 ကိုရဲ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

No comments:

Post a Comment