iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Sunday, August 30, 2015

ဒလမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းနေချိန်မီးလောင်


 ဒလ သြဂုတ် ၂၉

 ဒလမြို့နယ် နာရီစင်အဝိုင်း အနီး၌ သြဂုတ် ၂၉ ရက် ညနေပိုင်း တွင် မိုးသည်းထန်စွာရွာသွန်းနေချိန် နေအိမ်ကုန်စုံဆိုင်တစ်ဆိုင် မီးလောင် မှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ညနေ ၃ နာရီ ၁ဝ မိနစ်တွင် မီးစတင်လောင်ကျွမ်းခဲ့ပြီး တပင်ရွှေထီးရပ်ကွက် တွံတေး-ဒလ ကားလမ်းဘေး အိမ်အမှတ်(၄၅) ဦးဝင်းမြင့်(၆၅ နှစ်) ဂျိုးသိန်းကုန်စုံဆိုင် နောက်ဖေးရှိ မုန့်မျိုးစုံ၊ ခြင်ဆေးခွေ နှင့် ကုန်ခြောက်များ သိုလှောင်ထား သည့် ဂိုဒေါင်၌ မီးလုံးသုံးလုံး သွယ် တန်းထားသော ဟောင်းနွမ်းဆွေးမြည့် နေသည့် ဝိုင်ယာကြိုးပူးပြီး ရှော့ခ်ဖြစ် ခဲ့ရာမှ အပူလွန်ကဲကာ သိုလှောင် ပစ္စည်းများမှတစ်ဆင့် မီးလောင်ကျွမ်း ခဲ့ခြင်းဖြစ်သည်။

သတင်းအရ ဒလမြို့နယ် လျှပ် စစ်မန်နေဂျာရုံးက ချက်ချင်း လျှပ်စစ် မီးမိန်းကို ပိတ်ပေးခဲ့ပြီး မြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးကျော် မင်းခိုင်နှင့် သန္ဓေမီးသတ် ၁၈ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၃၅ ဦးတို့ သည် မီးသတ်ယာဉ်နှစ်စီးဖြင့် သွား ရောက်ကာ ရပ်ကွက်ပြည်သူများနှင့် အတူ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ညနေ ၃ နာရီခွဲတွင် မီးငြိမ်းသွားခဲ့သည်။

သတင်း-သန်းဌေး(ဒလ)
ဓာတ်ပုံ-စန်းဝဠာ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

No comments:

Post a Comment