iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Sunday, August 30, 2015

အရက်အတူသောက်ပြီး ရန်ဖြစ်ရာမှ အစ်ကိုဖြစ်သူကို ဓားဖြင့်ခုတ်၍ သေဆုံး


စေတုတ္တရာ သြဂုတ် ၂၉

မကွေးတိုင်းဒေသကြီး မင်းဘူး ခရိုင် စေတုတ္တရာမြို့နယ် ချီကျေးရွာ ၌ သြဂုတ် ၂၆ ရက် နံနက် ၁ဝ နာရီ ၄၅ မိနစ်ခန့်က အရက်အတူ သောက်ရင်း ညီအစ်ကိုချင်း စကား များ ရန်ဖြစ်ရာ ညီဖြစ်သူက ဓား ဖြင့်ခုတ်၍ အစ်ကိုဖြစ်သူ သေဆုံး သွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ စေတုတ္တရာမြို့နယ် ချီကျေးရွာနေ ဦးအောင်(၆ဝ နှစ်) သည် နေအိမ်၌ သားများဖြစ်သော ခင်မောင်ဝင်း(၃၃ နှစ်)၊ မောင်မုန်း (ခ)ခင်မောင်လင်း (၃၁ နှစ်)နှင့် တစ်ရွာတည်းနေ ကိုမြင့်လွင်(၄၃ နှစ်) တို့လေးဦးသည် နေအိမ်တွင် အရက် အတူသောက်ရာမှ ခင်မောင်ဝင်းနှင့် ညီဖြစ်သူ ခင်မောင်လင်းတို့ စကားများရန်ဖြစ်ပြီး ခင်မောင်ဝင်းက ခင်မောင်လင်းကို အရက်ပုလင်းဖြင့် ရိုက်ရာ ဒဏ်ရာရရှိသွားသဖြင့် ညီအစ်ကိုနှစ်ဦး လုံးထွေးသတ်ပုတ် ရာ ခင်မောင်လင်းက အနီးရှိ ဓားမ ကိုဆွဲယူ၍ ခင်မောင်ဝင်းကို ခုတ်ရာ ဒဏ်ရာရရှိပြီး သေဆုံးသွားကြောင်း ချီကျေးရွာ ရာအိမ်မှူး ဦးအောင် မောင်းက ဖုန်းဆက်အကြောင်းကြား ၍ စေတုတ္တရာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်သန်းနှင့်အဖွဲ့က သွားရောက် ဖမ်းဆီးခဲ့သည်။ ဓားဖြင့်ခုတ်သူ ခင်မောင်လင်းကို စေတုတ္တရာမြို့နယ် မြို့မရဲစခန်းက အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။

မောင်ညီညာ(မြေလတ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

No comments:

Post a Comment