iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Sunday, August 30, 2015

တီးတိန်မြို့နယ်အတွင်း မော်တော်ယာဉ် တစ်စီး တိမ်းမှောက်၍ လူနှစ်ဦးသေဆုံး


 ဟားခါး သြဂုတ် ၂၉

 ရိဒ်ခေါဒါရ်မှ ကလေးမြို့သို့ ယာဉ်မောင်းဦးကျင်ခန့် မန်မောင်းနှင်သော ဟိုင်မွာလ်ဂျစ်ကားသည် သြဂုတ် ၂၇ ရက်နံနက်ပိုင်းက တီးတိန်မြို့နယ် လင်တန်ကျေးရွာအနီး တွင် နောက်ပြန်လျှောကျခဲ့ရာ လမ်း၏ညာဘက် ချောက် အတွင်း ထိုးကျတိမ်းမှောက်ခဲ့သဖြင့် အမျိုးသမီးနှစ်ဦးပွဲချင်း ပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသူ အမျိုးသမီးနှစ်ဦးမှာ အမှတ် (၂) ရပ်ကွက် ရိဒ်ခေါဒါရ်မြို့နေသူ ဒေါ်လာရွယ်ပီးနှင့် ကလေးမြို့နေသူ ဒေါ်တရန်လွန်တပီးတို့ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာ နယ်မြေရဲစခန်းက အမှုဖွင့်ကာ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

(ချင်းပြည်နယ် ပြန်/ဆက်)

No comments:

Post a Comment