iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Thursday, August 27, 2015

လက်ရှိ အပြောင်းအရွှေ့ကာလ မှာ ငွေကြေး သုံးစွဲမှု အများဆုံး အသင်း ဖြစ်လာတော့မယ့် ချဲလ်ဆီး



ချဲလ်ဆီး အသင်းဟာ ဒီနှစ် ဗြိတိန် ဘောလုံးလောက ရဲ့  အပြောင်းအရွှေ့ကာလ မှာ ငွေကြေး သုံးစွဲမှု အများဆုံး အသင်းအဖြစ် သရဖူဆောင်းနိုင်တော့မှာပါ။

ချဲလ်ဆီး အသင်းရဲ့ ပဲ့ကိုင်ရှင်ကြီး Jose Mourinho ဟာ ဂျူဗင်တပ်စ် အသင်း ရဲ့ စူပါစတား ကစားသမား Pogba ကို စတာလင်ပေါင် သန်း ၇၀ နဲ့ ကမ်းလှမ်းဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိ ပရီးမီးယား လိဂ် ချန်ပီယံ ချဲလ်ဆီး အသင်းဟာ လိဂ် ပြိုင်ဘက်အသင်း တစ်သင်းဖြစ်တဲ့ အဲဗာတန် အသင်းက နောက်ခံလူ John Stones ကိုလည်း စတာလင်ပေါင် ၃၄ သန်းနဲ့ ကမ်းလှမ်းနိုင်ဖို့ စီစဉ်နေပါသေးတယ်။ အဲဗာတန် အသင်းရဲ့ မန်နေဂျာဖြစ်သူ Martinez ကတော့ လုံးဝမရောင်းနိုင်ဘူးလို့ ငြင်းပယ်နေဆဲပဲ ဖြစ်ပါတယ်။

တစ်ကယ်တော့ ချဲလ်ဆီး အသင်းဟာ ဂျူဗင်တပ်စ် ကစားသမား Pogba ကို ပြီးခဲ့တဲ့ တစ်ပတ်ကလည်း ကမ်းလှမ်းခဲ့ဖူးပေမယ့် ဂျူဗင်တပ်စ် အသင်းဘက် က ငြင်းပယ်ခဲ့တဲ့ အတွက် Pogba ကိုနောက်တစ်ကြိမ်ထပ်မံ ကမ်းလှမ်းဖို့ ကြိုးစားလာတာ ဖြစ်ပြီး ချဲလ်ဆီး အသင်းဟာ ထို အပြောင်းအရွှေ့ သဘောတူညီမှုတွေကိုလာမယ့် စနေ၊တနင်္ဂနွေမှာ အပြီးသတ်နိုင်ဖို့ကို မျှော်လင့်နေပါတယ်။

အကယ်၍ ထို ကစားသမား ၂ ယောက်လုံးကို စာချုပ်ချုပ်ခေါ်ယူလိုက်နိုင်မယ်ဆိုရင်တော့ ချဲလ်ဆီးအသင်းဟာ ဒီနှစ်နွေရာသီမှာ စတာလင်ပေါင် ၁၅၉ သန်းတိတိ သုံးစွဲပြီးသား ဖြစ်သွားစေမှာပါ။ လက်ရှိ အပြောင်းအရွှေ့ ကာလမှာ ချဲလ်ဆီး အသင်းဟာ Danilo Pantic ၊ Nathan ၊ Asmir Begovic ၊ Abdul Baba Rahman နဲ့ Pedro တို့ကိုလည်း ခေါ်ယူထားပြီး ဖြစ်ပါတယ်။

Mourinho ရဲ့ ပြောကြားချက်အရတော့ ချဲလ်ဆီး အသင်းရဲ့ ပိုင်ရှင် Roman Abramovich ဟာ သူ့အသင်းရဲ့ တာထွက် မကောင်းမှုတွေကို ပြန်လည် အဖတ်ဆယ်နိုင်စေရန် သူ့အသင်းမှာ ကစားသမား ကောင်းတွေခေါ်ယူဖို့ ကြိုးစားနေတာဖြစ်ပြီး အသက် ၂၂ နှစ်အရွယ် ပြင်သစ် လက်ရွေးစင် အလယ်တန်း ကစားသမား Pogba ကို ခေါ်ယူဖို့ဟာ လက်ရှိ အပြောင်းအရွှေ့ကာလ မပြီးဆုံးခင် မှာ အဆင်ပြေလိမ့်မယ်လို့လည်း Mourinho က ယုံကြည်နေပါတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

No comments:

Post a Comment