iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Thursday, August 27, 2015

John Stones ကို လုံးဝ မရောင်းနိုင်ဘူးလို့ အဲဗာတန် အသင်းဆို



အဲဗာတန် အသင်းဟာ အသင်းရဲ့ နောက်ခံလူ John Stones ကို ခေါ်ယူဖို့ ကမ်းလှမ်းမှုတွေအပေါ် အသင်းရဲ့ မန်နေဂျာ ဖြစ်သူ Roberto Martinez ရဲ့ "ပိုက်ဆံက အရာရာတိုင်းကို မ၀ယ်နိုင်ဘူး" ဆိုတဲ့ စကား နဲ့ ပယ်ဖျက်လိုက်ပါတယ်။

Martinez ဘက်က အခိုင်မာဆိုခဲ့တာကတော့ John Stones က အသင်းမှ ထွက်ခွာခွင့်ကို စာရေးပြီးတောင်းဆိုခဲ့ပေမယ့်လည်း အသင်းအနေနဲ့ John Stones ကို ချဲလ်ဆီး အသင်းကို ရောင်းချမှာ မဟုတ်ဘူးဆိုတာပါပဲ။

"ကျွန်တော်တို့ ဒါကို မနက်ပိုင်းမှာ ကတည်းက ငြင်းဆိုခဲ့ပါတယ်။ ပြတ်ပြတ်သားသားပြောရမယ်ဆိုရင် ၊ အဓိက အချက်ကတော့ ဘောလုံးမှာ ပဲ ဖြစ်ဖြစ် ဘ၀မှာပဲ ဖြစ်ဖြစ် တစ်ခါတစ်လေမှာ ပိုက်ဆံဟာ အရာရာတိုင်းဝယ်ယူနိုင်မှာ မဟုတ်ပါဘူး" လို့ Martinez က ဆိုပါတယ်။

အင်္ဂလန် လက်ရွေးစင်ကစားသမား John Stones ဟာ အသင်းရဲ့ အနာဂါတ် အတွက်လည်း အရေးပါတဲ့ ကဏ္ဍ တစ်ခုဖြစ်နေတဲ့အတွက် အဲဗာတန် အသင်းဟာ John Stones ရှိမှပဲ အကောင်းဆုံး ဖြစ်အောင် ကစားနိုင်လိမ့်မယ်လို့ Martinez က ဆိုပါတယ်။

Martinez ကို Sky Sport သတင်းဌာန က အင်္ဂလန် လက်ရွေးစင် ကစားသမား John Stones ကို ရောင်းဖို့ အစီအစဉ် ရှိပါသေးသလား လို့ မေးမြန်းတဲ့ အခါမှာတော့ John Stones က လုံးဝ မရှိပါဘူး လို့ ပြန်လည် ဖြေဆိုခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

No comments:

Post a Comment