iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Saturday, August 22, 2015

နှစ် ၁၀၀ ကျော်က ပုလင်းထဲထည့် မျောလိုက်တဲ့ စာရွက် ပြန်တွေ့


 လွန်ခဲ့တဲ့ ၁၀၈ နှစ်က ပင်လယ်ထဲ မျောလိုက်တဲ့ ပုလင်းကို အင်္ဂလန် နဲ့ ဂျာမနီအကြား မြောက်ပင်လယ်ထဲက ဂျာမန်ကျွန်းလေးတစ်ကျွန်းပေါ်မှာ အငြိမ်းစား စာတိုက်ဝန်ထမ်း အမျိုးသမီးကြီး တစ်ယောက် က တွေ့ခဲ့တာ ဖြစ်ပါတယ်။

ပုလင်းထဲမှာ အင်္ဂလိပ်၊ ဂျာမန် နဲ့ ဒတ်ခ်ျလို ရေးထားတဲ့ ပို့စကဒ် တစ်ခု ကိုလည်း တွေ့ရပါတယ်။ ပုလင်းကို ရတဲ့ သူက အဲဒီ ပို့စကဒ်ကို အင်္ဂလန် အနောက်တောင်ပိုင်းက သိပ္ပံပညာရှင်များ အဖွဲ့တစ်ခုဆီကို ပြန်ပို့ပေးရင် ဆုငွေ တစ်သျှီလင် (၁၂ ပဲနိ) ပေးမယ် လို့လည်း ရေးထား တာကို တွေ့ရပါတယ်။

အဲဒီခေတ်က ပင်လယ်ရေစီးကြောင်းတွေကို လေ့လာရေးလုပ်တဲ့ အနေနဲ့ ပုလင်းထဲ စာထည့်ပြီး စမ်းသပ်ခဲ့တာ ဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။

အခုပုလင်းကို ပြန်ရှာတွေ့တဲ့ ဂျာမန်အမျိုးသမီးကြီးက အခုအထိ ရှိနေသေးတဲ့ အင်္ဂလန်က သိပ္ပံအသင်းဆီကို ပုလင်းကို ပြန်ပို့ပေးခဲ့ပါတယ်။

အင်္ဂလန်သိပ္ပံပညာရှင်တွေကလည်း ပုလင်းထဲက ကတိအတိုင်း အခုမသုံးတော့တဲ့ တစ်သျှီလင်ဒင်္ဂါးကို အင်တာနက်ပေါ်က ရှာဝယ်ပြီး သူ့ဆီ ပို့ပေးခဲ့ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese

No comments:

Post a Comment