iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Monday, August 31, 2015

အိုင်ဖုန်းနဲ့ပါ ချိတ်ဆက်သုံးနိုင်မယ့် Huawei ရဲ့ စမတ်နာရီ

Huawei အနေနဲ့ အမေဇုန် အွန်လိုင်းစတိုးပေါ်ကနေ Andriod Wear အသစ် တစ်မျိုးကို အော်ဒါမှာနိုင်ကြောင်း ကြေညာလိုက်ပါပြီ။ ယင်းကြေညာချက်ထဲမှာ ထူးခြားချက်က နာရီဟာ အိုင်ဖုန်းနဲ့ပါ ချိတ်ဆက် အသုံးပြုနိုင်ခြင်း ဖြစ်ပါတယ်။
1.4-inch full-circle AMOLED မျက်နှာပြင်ကို အသုံးပြုထားတဲ့ နာရီဟာ ဈေးသက်သနာရီတော့ မဟုတ်ပါဘူး။ premium product တစ်မျိုး ဖြစ်ပြီး ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၃၄၉ ကနေစပါတယ်။ ဒါတောင် စတီးစစ်စစ်နဲ့ လုပ်ထားတဲ့ ရွှေရောင် ဗားရှင်း သက်သက်သာ ဖြစ်ပြီး တကယ် ရွှေအစစ်နဲ့ အပေါ်ကနေ ထပ်အုပ်ထားတဲ့ ဗားရှင်း ဆိုရင် အမေရိကန်ဒေါ်လာ ၇၉၉ ဒေါ်လာကနေ စပါတယ်။ ဒီတော့ ဈေးကြီး စမတ်နာရီ တစ်မျိုးလည်း ဖြစ်ပါတယ်။ ပုံစံကလည်း ပုံမှာ မြင်တွေ့ရသလိုပဲ တော်တော်ကို စမတ်ကျပါတယ်။ နှလုံးခုံနှုန်း တိုင်းကိရိယာ၊ အာရုံခံ စနစ်များ၊ သွားလာလှုပ်ရှားမှုအတွက် တွက်ချက်တိုင်းတာပေးတဲ့ ကိရိယာ အပြင် အခြားသော စမတ်နာရီတို့မှာ ပါဝင်တဲ့ Feature များ ပါဝင်ပါတယ်။
Google အနေနဲ့ အိုင်ဖုန်းနဲ့ compatible ဖြစ်တဲ့ Android Wear များ ထွက်ဖို့ ရှိတယ်လို့ ကြေညာခဲ့ပြီး Huawei ရဲ့ စမတ်နာရီ ကတော့ ပထမဆုံး ဖြစ်လာပါတယ်။ စက်တင်ဘာလ ၂ ရက်နေ့ကနေ စတင်ဝယ်ယူနိုင်ပြီ ဖြစ်တဲ့ နာရီ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: pocketlint
အောင်ခမ်း (MMAS)

No comments:

Post a Comment