iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Thursday, August 27, 2015

Neymar ကို ပေါင် သန်း ၁၄၀ နဲ့ မန်ယူ အသင်းကမ်းလှမ်းလိုက်ကြောင်း ဘရာဇီးရုပ်သံလိုင်း ဖော်ပြ



ဘာစီလိုနာကစားသမား Neymar ရဲ့ အေးဂျင့်ဖြစ်သူ Wagner Ribeiro ကို စနေနေ့ က နယူးကာဆယ်နဲ့ ပွဲအတွင်း အိုးထရက်ဖို့ ဒ်ကွင်းမှာ တွေ့ ခဲ့ရပြီးနောက် မန်ယူနည်းပြ Louis van Gaal ဟာ ဘရာဇီးကြယ်ပွင့်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ထင်ကြေးတွေ ထွက်ပေါ်ခဲ့ပါတယ်။

အခုအခါမှာတော့ မန်ယူအသင်းဟာ Neymar ကို ပြောင်းရွှေ့ ကြေးပေါင် သန်း ၁၄၀ နဲ့ ကမ်းလှမ်းလိုက်တယ်လို့ Brazil ရုပ်သံလိုင်းဖြစ်တဲ့ Globo က ဖော်ပြခဲ့ပါတယ်။ 

ယူနိုက်တက်ဟာ Neymar ရဲ့ ထွက်ခွာကြေး ယူရို သန်း ၁၉၀ နဲ့ ညီမျှတဲ့ ကမ်းလှမ်းမှုနဲ့ ဘာစီလိုနာကို ကမ်းလှမ်းခဲ့ကြောင်း Globo ရဲ့ အားကစားရုပ်သံလိုင်း Globoesporte က ဖော်ပြခဲ့တာပါ။

မန်ယူအသင်း ဒု-ဥက္ကဌ Ed Woodward ဟာ ဘာစီလိုနာကို လွန်ခဲ့တဲ့ ရက်သတ္တပတ်က သွားရောက်ခဲ့ပြီး ဘာစီလိုနာအသင်းနဲ့ စပိန်တောင်ပံကစားသမား Pedro ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့် Pedro ဟာ ချယ်လ်ဆီးကို ရွေးချယ်သွားခဲ့မှုကြောင့် မန်ယူက Neymar ကို ခေါ်ယူဖို့ ကြိုးစားလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

Neymar ဟာ စပိန်မှာ မပျော်တော့တဲ့ အရိပ်အယောင်မရှိသလို Messi အပါအ၀င် တခြားဘာစီလိုနာ ကြယ်ပွင့်တွေနဲ့ တွဲကစားခွင့်ရတဲ့ အခွင့်အရေးအပေါ် ကျေနပ်မိကြောင်းလည်း မကြာခဏ ပြောဆိုဖူးပါတယ်။

တကယ်လို့ Neymar ရဲ့ မန်ယူပြောင်းရွှေ့ မှုသာ တကယ်ဖြစ်လာမယ်ဆိုရင် လက်ရှိကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ ကြေးဖြစ်တဲ့ Gareth Bale ကို ရီးယဲလ်မက်ဒရစ်က ခေါ်ယူခဲ့တဲ့ ယူရို သန်း ၁၀၀ ကို ကျော်ဖြတ်သွားမှာ ဖြစ်ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

No comments:

Post a Comment