iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Thursday, August 27, 2015

တူရကီ အလှမယ် တစ်ယောက်နဲ့ တွဲနေတယ်လို့ သတင်းတွေထွက်နေတဲ့ အာစင်နယ် တိုက်စစ်မှုး Ozil



အာစင်နယ် အသင်းရဲ့ ကြယ်ပွင့်တစ်ယောက်ဖြစ်တဲ့ Mesut Ozil ဟာ ချောမောလှပ လွန်းတဲ့ တူရကီ နိုင်ငံရဲ့ အလှမယ် Amine Gulse နဲ့ အတူ ကဗျာဆန်စွာ သွားလာ နေတာကိုတွေ့ခဲ့ရတဲ့နောက် သူတို့ ၂ ယောက်တွဲခုတ်နေကြတာလားလို့ ပရိတ်သတ် တွေက မေးခွန်းထုတ်ခဲ့ကြပါတယ်။

Ozil ကိုယ်တိုင်ကလည်း တူရကီ နိုင်ငံ နဲ့ သက်ဆိုင်တဲ့ မျိုးရိုး ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့သူ့ရဲ့ မိဘတွေဟာ တူရကီ နိုင်ငံသား တွေဖြစ်ကြပြီး သူမမွေးခင်မှာပဲ ဂျာမနီ နိုင်ငံ ကို ပြောင်းရွှေ့သွားခဲ့ကြတာဖြစ်ပါတယ်။

တူရကီ နိုင်ငံရဲ့ သတင်းဌာနတွေက ဖော်ပြခဲ့တာကတော့ သူတို့ ၂ ယောက်ဟာ တွဲခုတ်နေတယ်လို့ ကောလာဟလ အသွင် ဖော်ပြထားပြီး Gulse နဲ့ Ozil တို့ ၂ ယောက်ဟာ သူငယ်ချင်းတွေဖြစ်နေခဲ့တာ ကြာပြီလို့လည်း ဖော်ပြထားပါတယ်။ တူရကီနိုင်ငံ ရဲ့ အလှမယ် Miss Turkey ဟောင်း Gulse နဲ့ ရင်းနှီးသူတွေကတော့ သူတို့ ၂ ယောက်ဟာ အချစ်ရေး တစ်ခု ဖန်တီးနေတာ မဟုတ်ဘူးလို့ ငြင်းဆိုထားပြန်ပါတယ်။

Ozil ကတော့ အီမရိတ် ကွင်းမှာ လီဗာပူး နဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ အာစင်နယ် အသင်းရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ၀င်ရောက် ကစားခဲ့ပါသေးတယ်။ အာစင်နယ် အသင်းကတော့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ ၀က်စ်ဟမ်း အသင်းကို ၂ဂိုး-ဂိုးမရှိ နဲ့ ရှုံးနိမ့်ထားတဲ့ ရှုံးကြွေးကို ပြန်ဆပ်ဖို့အတွက် ခြေစွမ်းပြနိုင်တဲ့ အဆင့်ကို ပြန်မရောက်သေးပါဘူး။

Ozil ကိုယ်တိုင်လည်း ခြေစွမ်းမပြနိုင်ပဲ ဖြစ်နေတာနဲ့ ပတ်သက်ပြီးတော့ မန်ယူ ကစားသမားဟောင်း Gary Neville ကလည်း "Mesut Ozil အနေနဲ့ တစ်သင်းလုံးအတွက် တာဝန်ယူနေတာမျိုးကို မတွေ့ခဲ့ဖူးပါဘူး။ သူဟာ ခြေစွမ်းပြနိုင်ခဲ့ဖူးတာကိုပဲ တွေ့ခဲ့ဖူးပါတယ်။ သူဟာ ဘောလုံးကို ကောင်းစွာ ကစားနိုင်တယ် ၊ အသင်းရဲ့ ကစားကွက်မှာ ပါဝင်ကစားနိုင်တယ် ၊ အကောင်းဆုံး ပံ့ပိုးပေးနိုင်တယ် ဒါပေမယ့်လည်း သူဟာ လုံလောက်တဲ့ ဂိုးအရေအတွက်တော့ မရခဲ့ဖူးပါဘူး" လို့ ဆိုထားပါတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

No comments:

Post a Comment