iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Friday, September 11, 2015

ဒေါ်လာ ၅၀ သာ ကုန်ကျမယ့် Amazon Kindle Fire HD Tablet ထွက်မည်

Amazon ဟာ ၉၉ ဒေါ်လာသာရှိတဲ့ Amazon Kindle Fire HD Tablet ကို ထုတ်လုပ်ပြီးနောက် ကမ္ဘာပေါ်မှာ ဈေးအသက်သာဆုံး Tablet ထုတ်လုပ်တဲ့ ကုမ္ဗဏီအဖြစ် စံချိန်တင်ခဲ့ပါသေးတယ်။ နောက်ပိုင်းကျတော့ သူ့ထက် ပိုပြီးတော့ ဈေးသက်သာတာတွေ တရုတ်ပြည်ကနေ ထွက်ရှိလာနေတာ သိကြမှာပါ။
ယခုတော့ အမေရိကန်ဒေါ်လာ ၅၀ သာ ကုန်ကျမယ့် Tablet ကို Amazon မှ ဖြန့်ချိတော့မှာ ဖြစ်ပါတယ်။ အရွယ်အစား ၈ လက်မနဲ့ ၁၀ လက်မ ဗားရှင်းများ ဖြစ်ပြီး ဈေးနှုန်းက ၅၀ ဒေါ်လာကနေ စတင်မှာ ဖြစ်ပါတယ်။ ၆ လက်မ အရွယ်ထွက်ရှိရန် ရှိမရှိတော့ မသိသေး ပါဘူး။ Fire OS ကို အသုံးပြုထားတဲ့ သူ့ Tablet ဟာ စာအုပ်ဖတ်ခြင်းအပြင် HD ဖြစ်တာကြောင့် ဂိမ်းဆော့ခြင်း၊ ရုပ်ရှင်ကြည့်ခြင်းတို့ကိုလည်း ပြုလုပ်လို့ ရပါတယ်။ အဖြူအမည်း ကာလာနဲ့ စာအုပ်ဖတ်ရန် ထုတ်လုပ်အောင်မြင်ရာကနေ အရောင်ပါတဲ့ HD Tablet များကို ဈေးသက်သက်သာသာ ချပြခဲ့ရာလည်း အောင်မြင်ခဲ့ ပါတယ်။
iPad Pro သတင်းကြီးနေချိန်မှာပဲ ဈေးသက်သာ Tablet အဖြစ် ကြော်ငြာ လိုက်ခြင်းကြောင့် ဒါဟာလည်း Amazon ရဲ့ ဈေးကွက် တိုက်ခိုက်တဲ့ နည်းဗျူဟာ တစ်ခုလေလားလို့ ထင်မှတ်နေကြ ပါတယ်။ ယခုနှစ်အတွင်း ထွက်ရှိမှာ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: dailymail
အောင်ခမ်း (MMA)

No comments:

Post a Comment