iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Friday, September 11, 2015

iOS 9.1 တွင် emoji အသစ်များ ပါဝင်လာမည်


iOS 9 ကို ဒီရက်ပိုင်းအတွင်း ဖြန့်ချိတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ပုံမှာ ပြထားတဲ့ emoji အသစ်များကိုတော့ iOS 9.1 မှ ပါဝင်လာစေမှာပါ။ iOS 9.1 ကိုတော့ နှစ်မကုန်ခင်မှာ ဖြန့်ချိသွားမှာ ဖြစ်ပါတယ်။
emoji အသစ်မှာ ထူးခြားချက် အနေနဲ့ ဘာတွေ ပါသလဲဆိုရင် တရုတ်ရိုးရာ လအလိုက် တိရစ္ဆာန်များ ပါဝင်လာခြင်း အပြင် ဘာသာရေး ကျောင်းများရဲ့ ပုံများလည်း ပါဝင်ပါတယ်။ ဗလီ၊ ခရစ်ယာန်ကျောင်း ပုံများ တွေ့ရကြီး ဗုဒ္ဓဘာသာကျောင်းတော့ ပါမပါ မသိသေးပါဘူး။ လက်ရှိ ရှိရင်းစွဲထဲ Apple iOS 9.1 မှာ အခု ၃၀ ကျော်လောက် အသစ်ပါမှာ ဖြစ်ပါတယ်။ Emoji icon တွေကို ထည့်ချင်တိုင်း Apple တို့က ထည့်လို့ မရပါဘူး။ အကြောင်းကတော့ device တစ်ခုကနေ တစ်ခုကို ပေးပို့တဲ့အခါ မမြင်မှာ စိုးလို့ပါ။ ဒါကြောင့်မို့ အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနိးယားပြည်နယ်မှာ ရှိတဲ့ Unicode Consortium မှ အွန်လိုင်းပေါ်မှာ ဆက်သွယ်စကားပြောတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် တစ်ကမ္ဘာလုံး တန်းတူမြင်အောင် Standard မှ ချမှတ်ပြီး ပြန်လည် ဖြန့်ချိပေးခြင်း ဖြစ်ပါတယ်။
နှစ်စဉ် font အသစ်များ အပြင် emoji အိုင်ကွန် အသစ်များကို အဖွဲ့အစည်း အမျိုးမျိုးက တင်ကြပါတယ်။ ယင်းတင်တဲ့ emoji များကို Unicode Standard version တစ်ခုစီသတ်မှတ်ပြီး ချမှတ်ပေးပါတယ်။ ဥပမာ Standard 7.0 မှာ ပါတဲ့ emoji မှာ ကျား ပါပေမယ့် ခြင်္သေ့ခေါင်း မပါပါဘူး။ ပါပြီးသားတွေကို ပြန်ဖြုတ်တာ အနည်းအကျဉ်းလုပ်ပြီး အများစုကတော့ အသစ်အသစ်များ ပေါင်းပေးခြင်း ဖြစ်ပါတယ်။ သူက အသိအမှတ်ပြုပြီဆိုမှ Google, Apple, Microsoft တို့လို ကုမ္ဗဏီကြီးများက အသိအမှတ်ပြုပေးလိုက်တဲ့ emoji များကို ၎င်းတို့ရဲ့ Device တွေထဲမှာ ထည့်သုံးစေ ပါတယ်။ Unicode Standard ဗားရှင်း တစ်ခု မြင့်တိုင်းမြင့်တိုင်းမှာ ပျမ်းမျှအားဖြင့် Emoji ပေါင်း ၃၇ ခုလောက်တော့ approve ဖြစ်ကြောင်း ဆိုပါတယ်။ ယင်းထဲမှာ Approve မဖြစ်တာတွေလည်း အများကြီးပါ။
Apple iOS မှာဆိုရင် လူ icon, လက် icon တွေမှာတောင် အသားရောင် ခွဲခြားမှု ပျောက်ကွယ်အောင် အဝါ၊ အဖြူ။ အညို အစရှိသဖြင့် ပြန်ခွဲ ထည့်ပေးရတာတို့ကလည်း အသစ်တိုးခြင်း တစ်မျိုး ပါပဲ။ ယခု iPhone ရဲ့ emoji အသစ်ထဲမှာ တရုတ် နှစ်အလိုက် အကောင်များ အပြင် robot နဲ့ အခြားများလည်း ပါဝင်လာမှာ ဖြစ်ပါတယ်။
.
Ref: dailymail
အောင်ခမ်း (MMA)

No comments:

Post a Comment