iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Friday, December 18, 2015

Android အတွက် လုံခြုံရေး ဆန်းစစ်ပေးမည့် tool ကို Facebook မိတ်ဆက်


Facebook သည် Security Checkup ဟုအမည်ရသည့် လုံခြုံရေးအသားပေး tool တစ်ခုကို မိတ်ဆက်ခဲ့သည်။ အဆိုပါ app သည် သုံးစွဲသူ၏ Facebook account ကို လုံခြုံမှုရှိစေရန် အသုံးမပြုသည်မှာ ကြာမြင့်နေပြီဖြစ်သည့် လူမှုရေးမီဒီယာ account များကို log out ပြုလုပ်ပေးခြင်းဖြင့် လုံခြုံအောင်ပြုလုပ် ပေးမည်ဖြစ်သည်။

Facebook ထုတ်ကုန်မန်နေဂျာ မယ်လီဆာလူဗန်က “မိနစ်အနည်းငယ်အတွင်းမှာ Security Checkup ဟာ Facebook ကိုအသုံးမပြုတာ ကြာပြီဖြစ်တဲ့ browser နဲ့ ထုတ်ကုန်တွေကနေ log out ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ Login Alerts ကိုဖွင့်ထားရင်တော့ တစ်စုံတစ်ယောက် သုံးစွဲသူရဲ့ account ကိုကွန်ပျူတာ သို့မဟုတ် ဖုန်းသစ်က log in ဝင်ဖို့ကြိုးစားတာနဲ့ password ကိုကာကွယ်ပေးမှာပါ” ဟုပြောကြားခဲ့သည်။

Ref: Ubergizmo
Credit to ==> Internet Journal

No comments:

Post a Comment