iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Friday, December 18, 2015

CR7 ဟိုတယ်တွေကို ဖွင့်လှစ်တော့မယ့် Ronaldo



ရီးရဲလ်စတား Ronaldo ကတော့ ရီးရဲလ်အသင်းမှာ အကောင်းဆုံးခြေစွမ်းတွေ ပျောက်ဆုံးနေခဲ့လို့  ဝေဖန်ခံခဲ့ရပေမယ့်လည်း သူ့အနာဂတ်အတွက်အကောင်းဆုံး အစီအစဉ်တွေကိုတော့ တစ်ခုပြီးတစ်ခုလုပ်ဆောင်လျက်ရှိပါတယ်။ အသက် ၃၀ အရွယ် တိုက်စစ်မှူးကတော့ သူ့အနေနဲ့ ပေါ်တူဂီ နာမည်ကျော် Pastana ဟိုတယ်လုပ်ငန်းစုနဲ့ ပူးပေါင်းပြီး CR7 လို့အမည်ရတဲ့ ဟိုတယ်တွေကို မြို့ကြီးတွေမှာ ဖွင့်လှစ်ဖို့ ကြိုးစားနေပါသတဲ့။ သူဟာ 

CR7 ရဲ့ ပထမဆုံးပွဲဦးထွက်ဟိုတယ်အဖြစ်တော့ ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့မှာ ဖွင့်လှစ်ခဲ့ပါတယ်။ သူ့ရဲ့ ဟိုတယ်တွေကိုတော့ ဖူချယ် ၊ မက်ဒရစ်နဲ့ နယူးယောက်မြို့တွေမှာလည်း ဖွင့်လှစ်ဖို့ အစီအစဉ်တွေ ရှိသေးတယ်လို့ သိရပါတယ်။ သူဟာ ဒီ ဟိုတယ်လေးခုအတွက် ပေါင် ၅၄ သန်း လောက်အသုံးပြုထားပြီးတော့ သူ့ရဲ့ လုပ်ငန်းတွေကို  Pastana ဟိုတယ်လုပ်ငန်းစုနဲ့ ပူးပေါင်းအကောင်အထည်ဖော်နေတာပါ။

 " ကျွန်တော့် အလုပ်ကတော့ ဘောလုံးကစားဖို့ပါ။ ဒါပေမယ့် တစ်ဘဝလုံးတော့ ဘောလုံးသမားမဖြစ်နိုင်ဘူးလေ။ ကျွန်တော့်ရဲ့ အစီအစဉ်အသစ်တွေနဲ့ ကျွန်တော့်မှာ အကောင်းဆုံး အသိုက်အဝန်းတစ်ခုလောက်ရှိဖို့ ကျွန်တော်ကြိုးစားနေတာပါ။ ကျွန်တော့်အသက်က ဒါတွေလုပ်ဖို့ ငယ်သေးတယ်လို့ ထင်ရပေမယ့်လည်း ဒီပရောဂျက်အတွက် အရမ်းကို စိတ်လှုပ်ရှားနေမိတယ်။ ကျွန်တော့်သားနဲ့ မိသားစုတွေအတွက်လည်း အလုပ်တွေ လုပ်ရအုံးမှာပေါ့ " လို့ ပြောပါတယ်။ 

သူ့ရဲ့ ဟိုတယ်ဖွင့်ပွဲတွေကိုတော့ ဖြည်းဖြည်းချင်းလုပ်ဆောင်သွားမှာဖြစ်ပြီးတော့ သူ့အနေနဲ့ နယူးယောက်က ဟိုတယ်ကို ၂၀၁၇ အတွင်းမှာ အပြီးသတ်ဖွင့်လှစ် သွားနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ CR7 ဟာ ရီးရဲလ်အသင်းကနေ ပြင်သစ်ထိပ်တန်းကလပ် ပီအက်စ်ဂျီကို ပြောင်းရွှေ့ဖို့ အစီအစဉ်တွေပေါ်မှာ သွေးအေးနေခဲ့ပေမယ့်လည်း အခုနောက်ပိုင်းမှာတော့ ရီးရဲလ်အသင်းမှာ ကစားရတာ အဆင်မပြေဖြစ်လာတာကြောင့် အသင်းပြောင်းနိုင်ဖို့အတွက် ပစ်မှတ်ထားလာတယ်လို့ သိရပါတယ်။ Ronaldo ဟာ သူ့ရဲ့ ကိုယ်ပိုင် ရုပ်ရှင် ၊ ရေမွှေး ၊ အဝတ်အစား တွေကိုလည်း ထုတ်လုပ်ထားနိုင်ပြီး အခုဆိုရင်တော့ ဟိုတယ်ပါဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ 

No comments:

Post a Comment