iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Saturday, December 12, 2015

ကလောမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၉၁၅ သိန်း ပြား ဖမ်းဆီးရမိ



နေပြည်တော်၊ ဒီဇင်ဘာ ၁၁ ရက်

ဒီဇင်ဘာ ၁၀ ရက်က မူးယစ်တပ်ဖွဲ့စု(၂၅)တောင်ကြီးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ကလောမြို့အထွက် ပူးပေါင်းစစ်ဆေးရေးစခန်းတွင် တောင်ကြီးဘက်မှ ကလော ဘက်သို့ စိုင်းရွက်မိန်း မောင်းနှင်ပြီး စိုင်းခမ်းတိုင်း လိုက်ပါလာသည့် ယာဉ်အမှတ် KYN-9I/7508 ၊ ISUZU D-MAX အမျိုးအစား ခဲရောင်မော်တော်ယာဉ်ကို ရှာဖွေရာ ယာဉ်နောက်ခန်း အမိုးကိုင်း အတွင်း လျှို့ဝှက်သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၉၁၅ သိန်း သိမ်းဆည်း ရမိသဖြင့် စိုင်းရွက်မိန်း (၂၀) နှစ်နှင့် စိုင်းခမ်းတိုင်း(၃၀) နှစ် တို့နှစ်ဦးအပေါ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

(ရဲဇာနည်)

https://www.facebook.com/yezarnimedia

No comments:

Post a Comment