iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Saturday, December 12, 2015

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် လုယက်မှုကျူးလွန်သူ(၄)ဦးအား အခင်းဖြစ်ပြီးနောက် (၆)နာရီကျော်အကြာတွင် ဖမ်းဆီးရမိ


ရန်ကုန်၊ ဒီဇင်ဘာ ၁၁

၁၀.၁၂.၂၀၁၅ရက်နေ့ ၁၉၁၅ အချိန်တွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နေ ကိုဇော်လွင်မိုးသည် အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်ကိုင်နေသော မိတ်ဆွေတစ်ဦးအား စက်ဘီးဖြင့်သွားရောက်ကြိုရာ မတွေ့ရှိသဖြင့်ပြန်လာစဉ် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ပြင်စည်မင်းသားကြီး လမ်းပေါ်တွင် ဆိုင်ကယ်(၂)စီးပေါ်မှ အမည်မသိအမျိုးသား(၄)ဦးဆင်းလာပြီး “ဘာပါသလဲ ပါတာအကုန်ထုတ်”ဟု ပြောဆိုကာ ၎င်းထံမှဆင်းကတ်ပါ Singtech အမျိုးအစားလက်ကိုင်ဖုန်းနှင့် Opem အမျိုးအစားလက်ကိုင်ဖုန်းတို့အား ယူဆောင်ထွက်ပြေးသွားကြောင်း တိုင်းတန်းချက်အရ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့မ
ရဲစခန်း(ပ)၇၁၂/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၈၂/၁၁၄ဖြင့် အမှုဖွင့်လှစ်ကာစုံစမ်းဆောင်ရွက်ခဲ့ပါသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက နယ်မြေအတွင်း လှည့်ကင်းများဖြင့်စိုးမိုး ဆောင်ရွက်စဉ် ၁၁.၁၂.၂၀၁၅ ရက်နေ့ ၀၁၅၀ အချိန်တွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၁၁၈)ရပ် ကွက်၊ သံချပ်ဝန်ဦးညွန့်လမ်းပေါ်၌ ဆိုင်ကယ်(၂)စီးနှင့် မသင်္ကာဖွယ်ရာ တွေ့ရှိသူ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်နေသူများဖြစ်ကြသည့် ငမိုး(ခ)မိုးစက်၊ အောင်လေး(ခ) အောင်ကျော်ကျော်၊ ရဲကိုကိုနိုင်နှင့် စိုးစံငြိမ်းတို့(၄)ဦးအား စစ်မေးရာ ၎င်းတို့(၄)ဦးအတူ အဆိုပါအမှုအားကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်းပေါ်ပေါက်သဖြင့် ပြစ်မှုကျူးလွန်ရာတွင်အသုံးပြုသည့် သက်သေခံဆိုင်ကယ်(၂)စီးနှင့် အမှုမှပါဆုံးသွားသော သက်သေခံပစ္စည်းများအားပြန်လည်သိမ်းဆည်းနိုင်ခဲ့သဖြင့် အခြားပြစ်မှုများ ကျူးလွန်ထားခြင်းရှိမရှိ ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


(Yangon Police)

https://www.facebook.com/yangonpolice

No comments:

Post a Comment