iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Friday, December 18, 2015

ကားပါကင် နေရာလုရင်း လူသတ်မှု ကျူးလွန်သူ ရဲစခန်းသို့လာရောက်အဖမ်းခံ



ရန်ကုန်၊ ဒီဇင်ဘာ ၁၇

၁၆.၁၂.၂၀၁၅ ရက်နေ့ ၁၉၃၀ အချိန်တွင် လမ်းမတော်မြို့နယ်နေသူများဖြစ်သည့် ဦးလှိုင်ဝင်းထွဋ်နှင့် ဦးထွန်းထွန်းမိုးတို့သည် လမ်းမတော်မြို့နယ်၊ လှည်းတန်းလမ်းရှိ ၎င်းတို့၏နေအိမ်တိုက်ခန်းရှေ့၌ ကားပါကင်နေရာဖယ်ခိုင်းသည့်ကိစ္စနှင့်ပတ်သက်၍ စကားများရန်ဖြစ်ခဲ့ရာ ဦးလှိုင်ဝင်းထွဋ်၏ ဖခင်ဦးစိုးလှိုင်မှ ၀င်ရောက်ဖြန်ဖြေပေးစဉ် ဦးထွန်းထွန်းမိုးမှ ဓားဖြင့်ထိုးခဲ့သဖြင့် ဦးစိုးလှိုင်၏ ၀ဲဘက်ရင်အုံ တွင် ထိုးသွင်းဒဏ်ရာ(၁)ချက်နှင့် ဦးလှိုင်ဝင်းထွဋ်၏ ဇနီးဖြစ်သူတွင် ယာလက်ဖျံ၌ ပြတ်ရှဒဏ်ရာ(၁)ချက်တို့ရရှိခဲ့၍ ရန်ကုန်ဆေးရုံကြီးသို့တင်ပို့ကုသစဉ် ဦးစိုးလှိုင်မှာ သေဆုံးသွားခဲ့သဖြင့်လမ်းမတော်မြို့မရဲစခန်း(ပ)၂၂၃/၂၀၁၅၊ ပြစ်မှုပုဒ်မ-၃၀၂/၃၂၄ ဖြင့် အမှုဖွင့်အရေးယူကာ ပြစ်မှုကျူးလွန်ပြီးတိမ်းရှောင်နေသူ ဦးထွန်းထွန်းမိုးအား ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ပါသည်။

ယင်းသို့ဆောင်ရွက်လျက်ရှိစဉ် အမှုမှပြစ်မှုကျူးလွန်သူ ဦးထွန်းထွန်းမိုး၊ (၅၂)နှစ်မှာ ၁၇.၁၂.၂၀၁၅ ရက်နေ့ ၁၃၃၀ အချိန်တွင် ၎င်းကိုယ်တိုင် လမ်းမတော်မြို့မရဲစခန်းသို့ လာရောက်၍အဖမ်းခံခဲ့ပြီး ပြစ်မှု ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် သက်သေခံဓားအားအပ်နှံပေးခဲ့သဖြင့် ၎င်းကို အမှုဖြင့်ဆက်လက် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

( Yangon Police )

https://www.facebook.com/yangonpolice

No comments:

Post a Comment