iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Friday, December 18, 2015

ဖားကန့် သို့ ၀င်နေသည့် ယာဉ်နှင့် ယန္တရားများကို တရားဝင် တင်သွင်းခွင့် ပြုထားဟု စီးပွား / ကူးသန်း ဆို



ကချင်ပြည်နယ် ကန်ပိုက်တီး နယ်စပ်ဒေသမှ ၀င်ရောက်နေသည့် ယာဉ်နှင့် ယန္တရားများသည် တရားဝင် တင်သွင်းခွင့် ပြုထားသည့် ယာဉ်ယန္တရားများ ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်း က နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် ပြောကြားလိုက်ပြီး ၊ ယာဉ်၊ ယန္တရားများ တင်သွင်းခွင့်ကို ခေတ္တဆိုင်းငံ့ထားရှိမည် ဖြစ်ကြောင်း သိရသည်။

ယာဉ်၊ ယန္တရားအစီးရေ ၈၈၀ ကို တရားဝင် တင်သွင်းခွင့် ပြုထားခြင်းဖြစ်ပြီး၊ တင်သွင်းခွင့်နှင့် ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက တင်သွင်းခွင့် လိုင်စင်ထုတ်ပေးလျက်ရှိရာ နယ်စပ်ကုန်သွယ်ရေး စခန်းများမှ တင်သွင်းခွင့် တင်ပြလာမှုများကိုလည်း စိစစ်၍ခွင့်ပြုပေးလျက်ရှိကြောင်း၊ နယ်စပ်ကုန်သွယ်ရေး စခန်းများမှ တင်သွင်းခွင့်ရသည့် ယာဉ်၊ ယန္တရားများကို အကောက်ခွန် ဦးစီးဌာနမှ တင်သွင်းခွင့်လိုင်စင်နှင့် တိုက်ဆိုင် စစ်ဆေး၍ မှန်ကန်မှုရှိပါက လုပ်ထုံး လုပ်နည်းနှင့် အညီ အခွန်ကောက်ခံလျက်ရှိသည်ဟု လည်းဦးတင်ရဲဝင်းကပြောဆိုထားသည်။

ယာဉ်၊ ယန္တရားများ တရားဝင်ခြင်းနှင့် တရားမဝင်ခြင်းကို တင်သွင်း ခွင့်လိုင်စင်နှင့် သွင်းကုန် ကြေညာလွှာအား တိုက်ဆိုင် စစ်ဆေးမှုဖြင့် သိရှိနိုင်ပြီး၊တင်သွင်းခွင့် ၂၁ ရက် ကျော်လွန်ပါက ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၏ ဥပဒေနှင့်အညီ စိစစ်အရေးယူ ဆောင်ရွက်လျက်ရှိသည်ဟုဦးတင်ရဲဝင်းက ပြောဆိုထားသည်။

ကန်ပိုက်တီး နယ်စပ် ကုန်သွယ်ရေး စခန်းမှ တရားဝင် တင်သွင်းခွင့်ပြုခဲ့သော ယာဉ်၊ ယန္တရားများသည် တင်သွင်းခွင့် လိုင်စင်နှင့် သွင်းကုန်ကြေညာလွှာစာရွက်စာတမ်း အထောက်အထားများ ပြည်စုံစွာပါရှိက ယာဉ်နံပါတ် မရှိသေးသော်လည်း မြစ်ကြီးနားမြို့သို့ မောင်းနှင်ခွင့် ရရှိကြောင်း၊အဆိုပါယာဉ်၊ ယန္တရားများကို တင်သွင်းခွင့်ရရှိပြီး ၂၁ ရက်အတွင်း၌ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတွင် မှတ်ပုံတင်မှသာယာဉ်နံပါတ်များရ ရှိခြင်းဖြစ်၍ ၎င်းနေရာနှင့် အချိန် အတွင်း ယာဉ်နံပါတ် မပါရှိသေးသော ယာဉ်အားလုံးကို တရားမဝင်ဟု သတ်မှတ်၍ မရနိုင်ကြောင်း ညွှန်ကြားရေး မှူး ဦးတင်ရဲဝင်း၏ ပြောကြားချက်အရ သိရသည်။

( The Ladies News )

https://www.facebook.com/News.TheLadies/

No comments:

Post a Comment