iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Monday, December 21, 2015

သားမယားအဖြစ်ပြုကျင့်ရန် ကြံစည်နေသူ(၂)ဦးအနက် တစ်ဦးအား ဖမ်းဆီးရမိ



၂၀.၁၂.၂၀၁၅ ရက်နေ့ ၀၂၀၀ အချိန်ခန့်တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မ ရဲစခန်းမှတပ်ဖွဲ့ဝင်များသည် နယ်မြေအတွင်းလှည့်ကင်းတာဝန်ဆောင်ရွက်စဉ် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၈၉)ရပ်ကွက်၊ နတ်စင်လမ်းတွင် အလုပ်မှပြန်လာသော လင်မယား(၂)ဦးကို မတရားတားဆီးချုပ်နှောင်ကာ အမျိုးသမီး၏ရွှေနားကပ်အားချွတ်ပြီး သားမယားအဖြစ်ပြုကျင့်ရန်ကြံစည်သူ(၂)ဦးအား တွေ့ရှိပြီး တစ်ဦးကိုဖမ်းဆီးရမိခဲ့ပါသည်။

ဖြစ်စဉ်မှာ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေ ကို ---- သည် ဇနီးဖြစ်သူနှင့်အတူ အလုပ်မှနေအိမ်သို့ ဆိုင်ကယ်ဖြင့်ပြန်လာစဉ် အဆိုပါနေရာအရောက် မျက်နှာချင်းဆိုင်မှ ဆိုင်ကယ်တစ်စီးဖြင့် အမျိုးသား(၂)ဦးရောက်ရှိလာပြီး ဆိုင်ကယ်အားရပ်တန့်ခိုင်းခဲ့ကြောင်း၊ ထိုသို့ရပ်တန့်ခိုင်းသဖြင့်ရပ်ပေးစဉ် ၎င်းအမျိုးသား(၂)ဦးမှ စစ်ဆေးစရာရှိ၍လိုက်ခဲ့ရန်ပြောဆိုပြီး ၎င်းနှင့်ဇနီးဖြစ်သူတို့၏ အပေါ်ရှပ်အင်္ကျီများကိုချွတ်ကာ ကြိုးသဖွယ်အသုံးပြု၍ လက်များအားချည်နှောင်ခဲ့ကြောင်း၊ ထို့နောက် အနီးရှိ မြေကွက်လပ်သို့ ခေါ်ဆောင်သွားကာ ၎င်းအမျိုးသား(၂)ဦးအနက် တစ်ဦးမှ ဇနီးဖြစ်သူအား သားမယားအဖြစ်ပြုကျင့်ရန်အားထုတ်နေပြီး ကျန်တစ်ဦးမှ ဇနီးဖြစ်သူ ၀တ်ဆင်ထားသော ရွှေနားကပ် အားချွတ်ယူနေစဉ် လှည့်ကင်းရဲတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး တစ်ဦးအားဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ဖမ်းဆီးရမိသူမှာ ကြည့်မြင်တိုင်မြို့နယ်နေ ဇော်မင်းဦး၊ (၃၉)နှစ်ဖြစ်ကြောင်း စစ်ဆေးသိရှိရပြီး ထွက်ပြေးတိမ်းရှောင်သွားသူမှာ ကျီစု(စုံစမ်းဆဲ)ဖြစ်ကြောင်းသိရှိရပါသည်။ယင်းသို့ကျူးလွန်ခဲ့သူ ဇော်မင်းဦးပါ(၂)ဦးအား ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့ မ ရဲစခန်း(ပ)၇၅၈/၂၀၁၅၊ ပြစ်မှုပုဒ်မ-၃၇၆/၅၁၁/၃၄၂ ဖြင့်အမှုဖွင့်လှစ်ကာထွက်ပြေးတိမ်းရှောင်နေသူ ကျီစုအား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

( Yangon Police )

https://www.facebook.com/yangonpolice

No comments:

Post a Comment