iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Monday, December 21, 2015

လွဲချော်မှုတွေနဲ့ ၂၀၁၅ ခုနှစ်ရဲ့  Miss Universe ပြိုင်ပွဲကြီးပြီးဆုံး



အမေရိကန်နိုင်ငံ လော့အိန်ဂျလစ်မှာ ကျင်းပတဲ့ ၂၀၁၅ ခုနှစ်ရဲ့ Miss Universe ပြိုင်ပွဲကြီးကတော့ အောင်မြင်စွာပြီးဆုံးသွားခဲ့ပါပြီ  ပြိုင်ပွဲမှာတော့ အရင်နှစ်များကနဲ့မတူ ရင်ခုန်စိတ်လှုပ်ရှားစရာများ ၀မ်းနည်းအားနာစရာများဖြင့် ထူးထူးခြားခြား ပြီးဆုံးသွားခဲ့တာပါ။ ၂၀၁၅ ခုနှစ်ရဲ့ Miss Universe Final ၃ဦးထွက်ပေါ်လာခဲ့ရာမှာတော့ အမေရိကန်၊ ဖိလစ်ပိုင်နှင့်ကိုလမ်ဘီယာ တို့ထွက်ပေါ်လာခဲ့ပြီး  First Winner up Miss Universe 2015 ကိုတော့ ဖိလစ်ပိုင်နိုင်ငံမှ Pia Alonzo Wurtzbach ကဆွတ်ခူးရရှိသွားခဲ့ပါပြီ။

 ပြိုင်ပွဲရဲ့ အထူးရင်ခုန် စိတ်လှုပ်ရှားစရာ ဖြစ်ရပ်ကတော့ အစီအစဉ်တင်ဆက်သူ Steve Harvey ဟာ Miss Universe 2015 ကိုမှားယွင်းကြေငြာမိခဲ့တာပဲဖြစ်ပါတယ်။ Miss Universe 2015 အမှန်တကယ်ရရှိသူ  Miss  Philippines ကိုကြေညာရမည့်အစား ကိုလံဘီယာမှ Miss Paulina Vega ကိုမှားယွင်းကြေငြာခဲ့တာကြောင့် ပြိုင်ပွဲဟာ ရုတ်ရုတ်သဲသဲ ရင်ခုန် စိတ်လှုပ်ရှားစရာများဖြစ်ပေါ်သွားခဲ့ပြီး မှားယွင်းကြေငြာခြင်းခံရသူ Miss Colimbia ကပြောကြားရာမှာ

"သူမအနေနဲ့ အခိုက်အတန့်ပျော်ရွှင်မိပါကြောင်း မိမိတွင်စိတ်ဆိုးဒေါသထွက်ခြင်းအလျင်းမရှိဘဲ လွန်စွာပျော်ရွှင်ပြီးအားပေးကြသည့် ပရိတ်သတ်များကိုအထူးကျေးဇူးတင်ပါကြောင်း " ပြောကြားသွားခဲ့ပါတယ်။


( China.com )

http://myanmar.china.com/

No comments:

Post a Comment