iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Tuesday, December 29, 2015

မောင်းတင်ထားသည့် ဒူးလေးဖြင့် ခွေးရိုက်ရာက တပ်ဆင်ထားသည့် မြားထိမှန်၍ သေဆုံး


နေပြည်တော်၊ ဒီဇင်ဘာ ၂၈

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့ ည ၁၁ နာရီ ၂၀ မိနစ်အချိန် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ကျွဲခြံထောင့်ရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးညီညီလွင်(၃၈)နှစ်သည် တာလမ်းမ ပေါ်တွင်ရှိနေစဉ် တစ်ရွာတည်းနေ ဟန်မင်းဇော် ရောက်ရှိလာပြီး ၎င်း၏ညီများဖြစ်သော သီဟစိုး (၂၄)နှစ်နှင့် နေလင်းအောင်တို့မှာ လယ်ကွင်းထဲတွင် ကြွက်လိုက်သွားရာ သီဟစိုးမှ အသွားသံဖြင့် ပြုလုပ်ထားသော (၂၇)လက်မခန့်ရှိမြားတပ်ဆင်ကာ မောင်းတင်ထားသော ဒူးလေးကို ရှေ့ပိုင်းမှ ကိုင်၍ ကြွက်လိုက်ရာတွင်ပါလာသည့်ခွေးအား ဒူးလေးဖင်ပိုင်းဖြင့် ရိုက်လိုက်စဉ် မောင်းခလုတ် ပြုတ်သွားပြီး မြားမှာ သီဟစိုးကို ထိမှန်ခဲ့ကြောင်း ပြောပြသိရှိရသည်။

ထိုသို့သိရသဖြင့် သွားရောက်ကြည့်ရှုရာ သီဟစိုး၏ ဝဲဘက်နို့အုံအောက်တွင် မြားထိမှန်ဒဏ်ရာရရှိထားသည်ကို တွေ့ရှိရသောကြောင့် ရှားခဲတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး သီဟစိုးမှာ ရရှိသောဒဏ်ရာဖြင့် ဆေးရုံတွင် သေဆုံးသွား၍ ဦးညီညီလွင်က အရေးယူပေးရန် တိုင်တန်းရာ ၎င်းအား အထောင်နယ်မြေ ရဲစခန်း(ပ)၄၈/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်


(ရဲဇာနည်)

https://www.facebook.com/yezarnimedia

No comments:

Post a Comment