ရောင်းအား အကောင်းဆုံး အချိုရည်ထုတ်လုပ်သူ တစ်ဦးဖြစ်တဲ့ Pepsi က သူ့ရဲ့ အကြီးမားဆုံး ဈေးကွက် ရှိရာဖြစ်တဲ့ တရုတ်နိုင်ငံမှာ Pepsi အမှတ် တံဆိပ် စမတ်ဖုန်းတွေကို ထုတ်လုပ်ရောင်းချသွားမယ်လို့ မကြာသေးခင်က ကြေညာခဲ့ပြီး အခုအခါမှာတော့ $100 ၀န်းကျင်နဲ့ စတင်ရောင်းချတော့မှာ ဖြစ်ပါတယ်။
ဈေးအရမ်းသက်သာမယ့် Pepsi P1 phablet ကို တရုတ်နိုင်ငံ တစ်ခုတည်း မှာသာ ရောင်းချသွားမှာဖြစ်ပြီး 5.5 inch Full HD display ၊ octa-core Mediatek processor ၊ 16GB internal storage ၊ RAM 2GB ၊ 13-MP / 5-MP camera တွေနဲ့ ထုတ်လုပ်ထားပါတယ်။ Pepis P1 က dual SIM နဲ့ microSD card လည်း သုံးနိုင်ပြီး 3000mAh battery တပ်ဆင်ပေးထားတဲ့ 4G LTE ဖုန်းအမျိုး ဖြစ်တဲ့အတွက် ဈေးနှုန်းအရ တရုတ်နိုင်ငံရဲ့ ရောင်းအား အကောင်းဆုံးနဲ့ လူသုံးအများဆုံးဖုန်း ဖြစ်လာမှာ သေချာပါတယ်။

Android 5.1 Lollipop နဲ့ ထုတ်လုပ်ထားတဲ့ Pepsi P1 ပထမဆုံး အလုံး (၁၀၀၀) ကို $115 နဲ့ ရောင်းချ သွားမှာဖြစ်ပြီး ကျန်ဖောက်သည်တွေ အတွက် တော့ ပုံမှန်ဈေး $160 ၀န်းကျင်နဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။
Credit : Itizen Journal
Credit : Itizen Journal
No comments:
Post a Comment