iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Saturday, December 19, 2015

အနာဂတ် အာဆင်နယ်နည်းပြလား , Guardiola ???



အာဆင်နယ်အသင်းကတော့ ဘိုင်ယန်မြူးနစ်နာမည်ကျော်နည်းပြ Guardiola ရဲ့ လာမယ့်အနာဂတ်မှာ နည်းပြချင်တဲ့ ကလပ်အသင်းဖြစ်လာတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ မန်စီးတီးအသင်းကိုတော့ အများစုက Guardiola  ရဲ့ အကြိုက်ဆုံးပစ်မှတ်ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းခဲ့ကြပေမယ့်လည်း ဘာစီလိုနာ နည်းပြဟောင်းကတော့ မန်စီးတီးအသင်းကို နှာခေါင်းရှုံ့ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ Guardiola ဟာ ဘောလုံးကစားဟန်ကို အလှပဆုံး ဖော်ကျူးကစားတတ်တဲ့ အာဆင်နယ်အသင်းကို လာရောက်နည်းပြလိုနေပြီးတော့ Arsene Wenger အနားယူမယ့်အချိန်ကို စောင့်ဆိုင်းပြီးမှ ပရီးမီးယားလိဂ်ကို လာရောက်ဖွယ်ရှိတယ်လို့ ဖော်ပြထားပါတယ်။ 

ပြင်သစ်သားဖြစ်တဲ့ Arsene Wenger ကတော့ အာဆင်နယ်အသင်းကို ထည်ထည်ဝါဝါ ရပ်တည်နိုင်အောင် လုပ်ဆောင်ပေးထားနိုင်သလို အချိန်မရွေး အနားယူနိုင်တယ်လို့ ပြောပြထားတာကြောင့်လည်း အခုလို သတင်းတွေဟာ ဖြစ်နိုင်ဖွယ်ရှိနေပါတယ်။ ဒါပေမယ့်လည်း ဘိုင်ယန်မြူးနစ်အသင်းနဲ့ လာမယ့် နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် Guardiola ကတော့ ဘိုင်ယန်အသင်းမှာပဲဆက်နေဖွယ်ရှိနေပြီးတော့ အာဆင်နယ်အသင်းရဲ့ လစ်လပ်သွားမယ့်နည်းပြရာထူးကိုသာ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းသွားဖွယ် ရှိတယ်လို့ သတင်းတွေ ထွက်နေတာပါ။ 

သူ့ကို ချယ်လ်ဆီးအသင်းကလည်း နည်းပြသစ်အဖြစ်ခေါ်ယူလိုနေပြီး စောင့်ကြည့်မှုတွေ ပြုလုပ်နေပါတယ်။ Guardiola ကတော့ ချယ်လ်ဆီးအသင်းဟာ ကစားသမားဆယ်ယောက်လောက်အထိ အပြောင်းအလဲပြုလုပ်မှ အခုလို ရလဒ်ဆိုးတွေကနေ ကျော်ဖြတ်နိုင်မှာ ဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားထားပြီး နည်းပြဖို့ အစီအစဉ်ရှိမရှိကိုတော့ ပြောပြခဲ့ခြင်းတော့ မရှိပါဘူး။ 

No comments:

Post a Comment