iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Saturday, December 19, 2015

Ronaldinho ဆွစ်ဇာလန်မြေကို ပြောင်းရွှေ့အုံးမလား???



ဘာစီလိုနာအသင်းနဲ့ ကမ္ဘာကျော်တိုက်စစ်မှူးဟောင်း  Ronaldinho ဟာ ဆွစ်ဇာလန်ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ဆီယွန်အသင်းကို ပြောင်းရွှေ့မယ်လို့ သတင်းတွေထွက်ပေါ်လာတာပါ။ သူဟာ အခုလောလောဆယ်မှာတော့ အသင်းလက်မဲ့ဖြစ်နေပြီး ဘရာဇီးကလပ် ဖလူမင်းနိစ်အသင်းကနေ ထွက်ခွာလာခဲ့တာပါ။ ဆွစ်ဇာလန်ကလပ်အသင်းဖြစ်တဲ့ ဆီယွန်အသင်းကတော့ လီဗာပူးလ်အသင်းနဲ့ သရေကျခဲ့ပြီးတဲ့နောက်မှာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ကို တက်ရောက်ထားနိုင်ပါတယ်။ 

သူတို့ဟာ ၃၂ သင်းအဆင့်မှာတော့ ပေါ်တူဂီကလပ် ဘရာဂါအသင်းနဲ့ ကစားရမှာဖြစ်ပြီးတော့ ကစားသမားအင်အားဖြည့်တင်းနိုင်ဖို့အတွက် Ronaldinho ကို ဦးစားပေးပစ်မှတ်အနေနဲ့ ချိန်ရွယ်ထားတာဖြစ်ပါတယ်။ အသက် ၃၅ နှစ်အရွယ် ဒီကစားသမားဟာဆိုရင်တော့ ဘောလုံးမကစားတာ သုံးလလောက်ကြာမြင့်သွားပြီဖြစ်ပြီး သူ့အနေနဲ့ရော ဆီယွန်အသင်းကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားတဲ့ပုံစံမျိုးတော့ မပြသေးပါဘူး ။

ဆီယွန်အသင်းဥက္ကဌကတော့ သူတို့ရဲ့ အဓိက ပစ်မှတ်ဟာ Ronaldinho ဖြစ်ပြီး အသင်းကို အကျိုးရှိစေမယ့် ခေါ်ယူမှုဖြစ်လာလိမ့်မယ်လို့ ပြောထားပြီး လာမယ့်နှစ်သစ်ကူးမှာ ရအောင်ခေါ်ယူနိုင်မယ်လို့ မျှော်လင့်လျက်ရှိပါတယ်။ တစ်ချိန်က လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့ Ronaldinho ရဲ့ အနာဂတ်ကတော့ လာမယ့် နှစ်သစ်ကူးမှာ ဘယ်လိုပြောင်းလဲမှုတွေ ထပ်ဖြစ်လာအုံးမလဲလို့ အတိအကျ ပြောလို့ မရသေးပါဘူး။ 

No comments:

Post a Comment