iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Wednesday, December 16, 2015

နည်းပြ Mourinho ရဲ့ အနာဂတ်ကို ချယ်လ်ဆီးအသင်း နာရီပိုင်းအတွင်း ဆုံးဖြတ်မည်


ချယ်လ်ဆီးအသင်းပိုင်ရှင် Abramovich ဟာ နည်းပြ Mourinho ရဲ့ အနာဂတ်ကို ဆုံးဖြတ်ချက်ချဖို့အတွက် အသင်းရဲ့ ဘုတ်အဖွဲ့အစည်းအဝေးကို နာရီပိုင်းအတွင်း ပြုလုပ်သွားဖွယ်တော့မှာပါ။ အဲ့ဒီရဲ့ အစည်းအဝေးမှာတော့ အသင်းပိုင်ရှင် Abramovich ဟာ နည်းပြ Mourinho ကို လျော်ကြေးပေးထုတ်ပယ်ဖို့ ဖိအားပေးခံရဖွယ် ရှိနေတယ်လို့ ခန့်မှန်းနေကြပါတယ်။

ဒါပေမယ့်လည်း  Mourinho ကို ထုတ်ပယ်မယ်ဆိုရင်တော့ စာချုပ်လျော်ကြေး သန်းလေးဆယ်လောက် ကုန်ကျမှာ ဖြစ်တာကြောင့် အသင်းပိုင်ရှင် Movich အတွက် စဉ်းစားစရာ အကြောင်းတစ်ချက်ဖြစ်နေပါတယ်။ ချယ်လ်ဆီးအသင်းကတော့ Mourinho ကို ပြီးခဲ့တဲ့ ရာသီကုန်က လေးနှစ် သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ပြီး သြဂုတ်လအတွင်းက တရားဝင်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းကတော့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရရှိခဲ့အပြီးမှာ Mourinho ကို ယုံယုံကြည်ကြည်စာချုပ်သက်တမ်းတိုးခဲ့ပြီး စာချုပ်လျော်ကြေးကို သတ်မှတ်ချုပ်ဆိုခဲ့ခြင်းမရှိဘဲ လေးနှစ်သက်တမ်းတိုးခဲ့တာကြောင့် သန်းလေးဆယ်ပေးရမယ့်အနေအထားကို ရောက်ရှိခဲ့တာပါ။ 

ဒါပေမယ့်လည်း အသင်းပိုင်ရှင် Abramovich ကတော့   စာချုပ်လျော်ကြေးသန်းလေးဆယ်ကို ပေးနိုင်တဲ့အနေအထားရှိပြီး Mourinho ကို အသင်းကနေ ဒုတိယအကြိမ်မြောက်ထုတ်ပယ်နိုင်တဲ့ အလားအလာတွေရှိတယ်လို့ ခန့်မှန်းနေကြပါတယ်။ Abramovich ဟာ ၂၀၀၇ ခုနှစ် စက်တင်ဘာလအတွင်းက Mourinho ကို ပထမအကြိမ်ထုတ်ပယ်ခဲ့ရာမှာလည်း လျော်ကြေးပေါင် ၁၆ သန်း ပေးခဲ့ရဖူးတဲ့ သာဓကတွေလည်း ရှိခဲ့ပါတယ်။ 

Mourinho ကတော့ လက်စတာအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ အသင်းရဲ့ ကစားသမားတွေဟာ သူ့ကို သစ္စာဖောက်ခဲ့ကြတယ်လို့ စွပ်စွဲခဲ့ပါတယ်။ ဒါ့ကြောင့် အသင်းမှာရှိနေတဲ့ စပိန်ကစားသမားတွေနဲ့ နည်းပြ Mourinho တို့ ကြားမှာ ဆက်ဆံရေးအဖုအထစ်တွေ ရှိလာတယ်လို့ မီဒီယာတွေက ခန့်မှန်းခဲ့ကြပြီး ချယ်လ်ဆီးအသင်းအနေနဲ့ အသင်းမှာရှိတဲ့ စပိန်ကစားသမားတွေကို ရုံခါလိုက်မလား နည်းပြ Mourinho ကိုပဲ ထုတ်ပယ်လိုက်မလားဆိုတာကတော့ ဝေခွဲရခက်စရာ ဆုံးဖြတ်ချက်တစ်ခု ဖြစ်လာပါတော့တယ်။ 

No comments:

Post a Comment