iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Wednesday, December 16, 2015

ပျဉ်းမနား ချယ်ရီမေ KTV တွင် ရဲအုပ်သုံးဦး ဓါးခုတ်ခံရ



ပျဉ်းမနား ပေါင်းလောင်း (၂) ရပ်ကွက် ချယ်ရီမေ KTV တွင် ဒီဇင်ဘာ ၁၅ ရက် နံနက် ၁ နာရီအချိန်ခန့်က ယခင်က သိကျွမ်းဖူးသော ဇမ္ဗူသီရိမြို့နယ်နေသူ ရန်နောင်စိုး(အသက် ၃၃နှစ်) နှင့် စကားများရန်ဖြစ်ရာမှ နေပြည်တော်တိုင်းရဲတပ်ဖွဲ့မှူးရုံး ဦးစီး (၁) မှ ရဲအုပ် ၃ ဦး ဓါးဖြင့်အခုတ်ခံခဲ့ရကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပျဉ်းမနားမြို့ ဘောဂ၀တီရပ်ကွက် ၁၉ လမ်းတွင်ရှိသော ချယ်ရီမေ ကေတီဗီဆိုင်တွင် ရဲအုပ်ထွန်းမင်းလတ်၊ ရဲအုပ်စိုးမိုးဝင်း၊ ရဲအုပ်ဇော်သောင်းထိုက်တို့ ရောက်ရှိနေစဉ် ရန်နောင်စိုးက လာရောက်စကားပြောကြောင်း၊ ယင်းသို့စကားပြောရာမှ ရန်နောင်စိုးမှ ရဲအုပ် ဇော်သောင်းထိုက်အား ပုလင်းဖြင့်ရိုက်မည်ပြုရာ အနားရှိ ရဲအုပ်ထွန်းမင်းလတ်၊ ရဲအုပ်စိုးမိုးဝင်း၊ ရဲဒုတပ်ကြပ် သက်ထွန်းအောင်တို့က ဖြန်ဖြေပေးခဲ့ကြောင်း၊ ရန်နောင်စိုးမှ စိန်ခေါ်ကာ အပြင်ထွက်သွားခဲ့ပြီး မကြာမီ ရဲအုပ် ဇော်သောင်းထိုက်တို့ရှိရာ ကေတီဗီအခန်း အမှတ် ၂၁၄ သို့ ရန်နောင်စိုးနှင့် အမည်မသိ လူ ၇ ဦးတို့ တုတ်များဓါးများဖြင့် ၀င်ရောက်တိုက်ခိုက်မှုပြုခဲ့ကြကြောင်း သိရသည်။

“စဖြစ်တာကတော့ ရန်နောင်စိုးနဲ့ ရဲအုပ် ဇော်သောင်းထိုက်တို့ စကားများရန်ဖြစ်ကြတယ်။ စကားများပြီး ရန်နောင်စိုး အပြင်ကို ထွက်သွားတယ်။ သိပ်မကြာဘူး ဓါးတွေ တုတ်တွေနဲ့ လူငယ် ရှစ်ယောက် ပြန်ရောက်လာပါတယ်။ အစောင့်ကို ရဲကိုအကြောင်းမကြားနဲ့ပြောပြီး ကေတီဗီထဲဝင်ပြီး တံခါးတွေ မှန်တွေကို တုတ်တွေနဲ့ ရိုက်ပြီး ရဲအုပ်သုံးယောက်ကို ဓါးနဲ့ဝင်ခုတ်တာပါ”ဟု ၎င်းက ပြောသည်။

ဓါးခုတ်ခံရသူ ရဲအုပ်သုံးဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး နေပြည်တော် ခုတင် ၁၀၀ ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိကြောင်း၊ တရားခံများမှာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်းနှင့် လက်ရှိတွင် အဆိုပါအမှုအတွက် (ပ)၅၉၆/၂၀၁၅ ပုဒ်မ ၃၂၅/၃၂၆ နဲ့ အမှုဖွင့်ထားပြီး ထွက်ပြေးလွတ်မြောက်နေသူများကို ဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်လျက်ရှိကြောင်း ဒုရဲမှူးတင်ဌေးထံမှ သိရသည်။

( News Watch : စောင့်ကြည့်သတင်းဂျာနယ် )

https://www.facebook.com/NewsWatchJournal

No comments:

Post a Comment