iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Saturday, December 19, 2015

တစ်မိနစ် တစ်ကျပ်နှုန်း ပရိုမိုးရှင်း Telenor စတင်




တယ်လီနောမြန်မာမှ ည ၁၁ နာရီမှ နံနက် ၇ နာရီအတွင်း အသုံးပြုသူများ အတွက် တမိနစ်လျှင် တကျပ်နှုန်းဖြင့် `စူပါဇီးကွက်`ပရိုမိုးရှင်းကို စတင်လိုက်ကြောင်း သိရသည်။

အဆိုပါ အစီအစဉ်တွင် ဖုန်းခေါ်ဆိုမှု၊ ဒေတာ အသုံးပြုမှုအတွက် တမိနစ် (သို့) 1 MB လျှင် တကျပ်နှုန်းဖြင့် ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စူပါဇီးကွက် ပရိုမိုးရှင်းကို ရယူနိုင်ရန်အတွက် 500 သို့ T2500 ဟု ပေးပို့လျှင် ရက် ၃၀ စာအဖြစ်လည်းကောင်း၊ 500 သို့ T800 ဟု စာတိုပေးပို့ ခြင်းဖြင့် တပတ်စာအဖြစ်လည်းကောင်း ရယူနိုင်ကြောင်း သိရသည်။

ထို့အပြင် *802# (သို့) *803# ဖြင့်လည်း စူပါဇီးကွက် ပရိုမိုးရှင်းကို ရယူနိုင်သည်ဟု သိရသည်။

စူပါဇီးကွက် ပရိုမိုးရှင်းသည် ၂၀၁၆ ခုနှစ် ဇန်န၀ါရီ ၃၁ ရက်နေ့အထိ ဖြစ်ကြောင်း သိရသည်။၏


(News Watch)

https://www.facebook.com/NewsWatchJournal/?fref=ts

No comments:

Post a Comment