iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Wednesday, January 13, 2016

Apple ရဲ့ နောက်ဆုံး iOS 9.3 ဗားရှင်းမှာပါဝင်လာတဲ့ အသုံးဝင်လှတဲ့ လုပ်ဆောင်ချက်အသစ်များ

 
Apple ရဲ့ နောက်ဆုံး iOS 9.3  ဗားရှင်းဟာ တဖြည်းဖြည်းတိုးတက်လာတဲ့ လုပ်ဆောင်ချက်တွေနဲ့အတူ ထပ်မံပေါ်ထွက်လာပြန်ပါပြီ။ သူတို့အခုလို မိတ်ဆက်လိုက်တာကတော့ ဘာမှမထူးဆန်းသလို ထင်ရပေမယ့်လည်း အနည်းငယ်သတိပြုစရာလုပ်ဆောင်ချက်တွေတော့ ပါဝင်နေပါသေးတယ်။
Apple ဟာ iPhone နဲ့ iPad တွေအတွက် iOS 9.3 ဗားရှင်း ၊ Apple TV တွေအတွက် tvOS 9.2 နဲ့ Apple watch တွေအတွက် WatchOS 2.2ှဗားရှင်းတွေကိုပါ တစ်ပြိုင်နက် မိတ်ဆက်ခဲ့တာပါ။

ဒီလိုမိတ်ဆက်လိုက်တဲ့ ဗားရှင်းအသစ်တွေမှာတော့ သုံးစွဲလို့ ကောင်းမွန်မယ့် ထပ်တိုးလုပ်ဆောင်ချက်တွေ ပါဝင်လာပြီး အရမ်းကို အသုံးဝင်တာကိုလည်းတွေ့ရပါတယ်။


အခုနောက်ဆုံးထွက် iOS 9.3 မှာတော့ Night Shift လို့ဆိုတဲ့ လုပ်ဆောင်ချက်တစ်ခုထပ်ပါဝင်လာပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ သင့်ရဲ့မျက်လုံးကို ထိခိုက်စေနိုင်မယ့် မလိုအပ်တဲ့ အလင်းဖြာထွက်မှုကို လျှော့ချပေးသွားမှာပါ။ ဒီ  Night Shift Mode ဟာ သင့်ရဲ့ ပတ်ဝန်းကျင်အလင်းရောင်နဲ့ device ရဲ့ နာရီပေါ်မှာ မူတည်ပြီး ချိန်ညှိပေးသွားမှာဖြစ်ပြီး အလင်းဖြာထွက်မှုကို သက်တောင့်သက်သာရှိစေမှာဖြစ်ပါတယ်။




နောက်တစ်ခုကတော့ သင့်ရဲ့ မှတ်စု ( Notes ) တွေကိုလည်း လုံခြုံအောင် ကာကွယ်ပေးမှာပါ။ iOS 9.3  မှာဆိုရင်တော့ သင့်ရဲ့ notes တွေကို လက်ဗွေစနစ် ဒါမှမဟုတ် passcode တွေကို ကျော်ဖြတ်ပြီးမှ ဝင်ရောက်နိုင်အောင် ပြုလုပ်ပေးထားတာကိုလည်း တွေ့ရပါတယ်။



ဒါ့အပြင် သတင်းတွေကို ဖတ်ချင်ရင်လည်း ကိုယ် အကြိုက်ဆုံးသတင်းတွေကို ရွေးချယ်ဖတ်ရှုနိုင်ဖို့အတွက် For You ဆိုတဲ့ လုပ်ဆောင်ချက်တစ်ခုလည်း news ထဲမှာ ထပ်မံထည့်သွင်းပေးထားတာကိုလည်း တွေ့ရပါတယ်။ ဒါ့ကြောင့် သတင်းဖတ်တဲ့အခါမှာတော့ ကိုယ်အကြိုက်ဆုံး သတင်းတွေကို တစ်ခုမှ မလွတ်စေဘဲ ဖတ်ရှုနိုင်မှာပါ။




နောက်တစ်ခုကတော့ Apple Watch နဲ့ တွဲဖက်အသုံးပြုနိုင်တဲ့ health အက်ပလီကေးရှင်းမှာလည်း ကိုယ်သိချင်တဲ့ ကျန်းမာရေးအခြေအနေတွေကိုပဲ dashboard မှာ ပြသနိုင်အောင် ပြုလုပ်နိုင်ပါပြီ။ သင်ရဲ့ လှုပ်ရှားမှု ၊ ဘယ်နှခါမတ်တပ်ရပ်ခဲ့သလဲ ၊ သွေးခုန်နှုန်း ၊ လမ်းဘယ်လောက်လျှောက်ခဲ့သလဲ စတာတွေထဲကနေ မလိုချင်တာတွေကို ဖျောက်ထားနိုင်ပြီး ကိုယ်သတ်မှတ်ထားတဲ့ လုပ်ဆောင်မှုတွေရော ပြီးဆုံးရဲ့လား စတာတွေကိုလည်း dashboard ပေါ်တင်ထားနိုင်မှာပါ။



ဒါ့အပြင် ဒီဗားရှင်းမှာတော့ သင်ကားမောင်းနေချိန်မှာ အကျိုးရှိစေမယ့် car play လုပ်ဆောင်ချက်အတွင်းမှာလည်း အလွန်အသုံးဝင်နိုင်တဲ့ လုပ်ဆောင်ချက်တွေ ထပ်မံထည့်သွင်းပေးထားပါသေးတယ်။  New and For You ဆိုတဲ့ လုပ်ဆောင်ချက်အသစ်ဟာ Apple Music က နောက်ဆုံးသီချင်းသစ်တွေ ၊ အဆိုတော်တွေနဲ့ အယ်လ်ဘမ်သစ်တွေထဲက သင်နဲ့သင့်တော်မယ့် သီချင်းအမျိုးအစား ပုံစံတွေကို ရွေးချယ်ပေးပြီး ကားပေါ်မှာပဲ နောက်ဆုံးထွက် သီချင်းကောင်းတွေကို နားထောင်သွားနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် မြေပုံထဲမှာ nearby ဆိုတဲ့ လုပ်ဆောင်ချက်ကနေ မိမိရောက်နေတဲ့ နေရာနဲ့ အနီးအနားအတွင်းက ကားဆီဆိုင် ၊ ကားပါကင်တွေနဲ့ ကော်ဖီဆိုင်နဲ့ စားသောက်ဆိုင်တွေကိုပါ ရှာဖွေပေးသွားမှာဖြစ်ပါတယ်။

သူတို့ဟာ ဒီဗားရှင်းကို ကျောင်းသားတွေအတွက်ပါ ပိုမိုအသုံးတည့်နိုင်အောင် စီစဉ်ထုတ်လုပ်ထားတာဖြစ်တယ်လို့လည်း သိရပါတယ်။

No comments:

Post a Comment