iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Wednesday, January 13, 2016

မန်ယူအတွက် အထိနာခဲ့ရတဲ့ သရေတစ်မှတ်



မနေ့ညက ကစားခဲ့တဲ့ နယူးကာဆယ်အသင်းနဲ့ မန်ယူအသင်းတို့ရဲ့  ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ မန်ယူအသင်းက မကျေနပ်စရာ သရေရလဒ်နဲ့ တစ်မှတ်စီပဲခွဲဝေယူနိုင်ခဲ့ပါတယ်။ ဒီပွဲမှာတော့ နှစ်သင်းလုံး ဘတစ်ပြန် ကျားတစ်ပြန်ကစားခဲ့ကြပြီး ပင်နယ်တီပြစ်ဒဏ်ဘောတွေလည်း နှစ်သင်းလုံး ပေးခဲ့ရပါတယ်။ မန်ယူအသင်းရဲ့ အပိုင်အခွင့်အရေးတွေကို ကစားသမားတွေ အသုံးမချနိုင်ခဲ့တာကြောင့်လည်း အခုလို ရလဒ်မျိုးထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။





Rooney ဂိုးသွင်းအပြီး အသင်းဖော်များနဲ့ အောင်ပွဲခံနေစဉ်


မန်ယူအသင်းရဲ့ တိုက်စစ်မှူး Rooney ကတော့ ဒီပွဲမှာ အကောင်းဆုံး ခြေစွမ်းပြကစားနိုင်ခဲ့ပြီး အရေးပါတဲ့ ဂိုးနှစ်ဂိုးကိုလည်း သွင်းယူပေးနိုင်ခဲ့ပါတယ်။ Rooney ရဲ့ ပင်နယ်တီဂိုးနဲ့ Lingard ရဲ့ ဂိုးတွေက မန်ယူကို နှစ်ဂိုးအသာနဲ့ ဦးဆောင်ကစားစေခဲ့ပေမယ့်လည်း  Wijnaldum ရဲ့ဂိုးနဲ့ Aleksandar Mitrovic ရဲ့ ချေပဂိုးတွေကြောင့် နှစ်ဂိုးစီ သရေကျနေခဲ့ပါတယ်။ ဒါပေမယ့်လည်း ပွဲချိန် ၇၉ မိနစ်မှာတော့ Rooney က သူ့ရဲ့ အကောင်းဆုံးကန်ချက်နဲ့ ဂိုးရယူပေးခဲ့ပြီး သုံးဂိုးနှစ်ဂိုးနဲ့ မန်ယူအသင်းကို ဦးဆောင်စေခဲ့ပါတယ်။






Dummet ရဲ့ မိနစ်ကိုးဆယ်မှာသွင်းယူလိုက်တဲ့ ချေပဂိုး

မန်ယူအသင်း သုံးမှတ်ရဖို့ သေချာနေတဲ့ အနေအထားမှာတော့ Dummett ရဲ့ မိနစ်ကိုးဆယ်မှာ သွင်းလိုက်တဲ့ မယုံနိုင်စရာ ချေပဂိုးက မန်ယူကို အမှတ်ခွဲရဖို့ ဖြစ်စေခဲ့တာပါ။ ဂိုးအရနည်းနေတဲ့ မန်ယူတိုက်စစ်က ဂိုးတွေပြန်တွေ့ခဲ့ရလို့ စိတ်ကျေနပ်စရာဖြစ်ခဲ့ရပေပြီး နောက်တန်းတွေရဲ့ ပေါ့ဆမှုအချို့ကြောင့် ဂိုးတွေ ပြန်ပေးလိုက်ရပါတယ်။




မန်ယူနည်းပြ Van Gaal ရဲ့ ကစားကွက်ကို ပျင်းစရာကောင်းတယ်လို့ ဝေဖန်ခံနေရပေမယ့်လည်း အခုပွဲမှာတော့ ဖျော်ဖြေမှုတွေပေးနိုင်ခဲ့တာကို တွေ့ရပြီး Van Gaal ရဲ့ ဖြေဆေးတစ်ခွက်ဟာ Rooney ဖြစ်လာခဲ့ပါတယ်။ ဒါ့ကြောင့် မန်ယူအသင်းသာ အပိုင်အခွင့်အရေးတွေကို ဒီထက်ပိုပြီး အသုံးချနိုင်ခဲ့ရင်တော့ ခြောက်ဂိုးပြတ်နိုင်ပွဲလောက်တောင် ဖြစ်သွားနိုင်ပြီး ကံခေမှုတစ်ချို့ကြောင့်သာ အခုလို သရေကျခဲ့တာဖြစ်ပါတယ်။



ဒီသရေရလဒ်ကိုသာ မန်ယူရယူနိုင်ခဲ့တဲ့အချိန်မှာတော့ ဝက်စ်ဟမ်းအသင်းက ဘုန်းမောက်အသင်းကို အဝေးကွင်းမှာ သုံးဂိုးတစ်ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် မန်ယူအသင်းကတော့ အဆင့်ခြောက်နေရာကို ကျဆင်းသွားခဲ့ရပါတယ်။

No comments:

Post a Comment