iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Tuesday, January 5, 2016

Apple Watch ကိုအားသွင်းနိုင်မယ့် သော့ချိတ်

griffin-travel-power-bank-apple-watch-100635913-large

Apple Watch ကိုအားအပြည့်သွင်းထားမယ်ဆိုရင် တစ်ရက်တာ (၂၄ နာရီ) လောက်အသုံးခံပါတယ်။ တစ်ရက်ခွဲတစ်ခါလောက်တော့အားပြန်သွင်းပေးရပါတယ်။ ယခုတော့ iPhone နဲ့ပတ်သက်တဲ့ Accessories တွေကိုထုတ်လုပ်ရောင်းချနေတဲ့ Company တစ်ခုဖြစ်တဲ့ Griffin ကနေ Apple Watch ကိုအားသွင်းနိုင်မယ့်  သော့ချိတ်အရွယ်အစား ခရီးဆောင် Power Bank လေးကိုမိတ်ဆက်ပြသလိုက်ပါပြီ။

ဒီ Travel Power Bank လေးဟာ Apple Watch အားသွင်းဖို့အတွက်သာဖြစ်ပြီး Battery ပမာဏအနေနဲ့ 800 mAh ပါဝင်ပါတယ်။ ဒီ Power Bank လေးကိုအားအပြည့်သွင်းထားမယ်ဆိုရင် Apple Watch ကိုလေးကြိမ်အထိ အားအပြည့်သွင်းပေးနိုင်ပါတယ်။

Travel Power Bank လေးကိုအားပြန်သွင်းဖို့အတွက် micro USB Port တစ်ခုပါဝင်ပါတယ်။ Apple Watch ကိုအားသွင်းလိုတယ်ဆိုရင် ဒီ Power Bank လေးပေါ်မှာပါတဲ့ အားသွင်းပြားလေးပေါ်မှာတင်ထားလိုက်ရုံပါပဲ။

Apple Watch ကိုအားသွင်းနိုင်တဲ့ သော့ချိတ် Travel Power Bank လေးကိုဈေးနှုန်းအားဖြင့် ဒေါ်လာ ၇၀ ဖြင့်ရောင်းချသွားမှာဖြစ်ပြီး ၂၀၁၆ နှစ်လယ်ပိုင်းလောက်မှာစတင်ရောင်းချသွားမယ်လို့သိရပါတယ်။
Thet Naing Soe (Myanmar Mobile App)

No comments:

Post a Comment