iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Tuesday, January 5, 2016

ရီးရဲလ်​နည်းပြချုပ်​ Benitez ရဲ့​နေရာကို လူငယ်အသင်း​နည်းပြ Zidane နဲ့အစားထိုး



ရီးရဲလ်​မက်​ဒရစ်​အသင်းဟာ ဗလင်​စီယာအသင်းနဲ့ နှစ်​ဂိုးစီသ​ရေကျခဲ့တဲ့ ပွဲအပြီးမှာ​တော့ နည်းပြ Benitez ကို ထုတ်​ပယ်​ခဲ့တယ်​လို့ သိရပါတယ်​။ ရီးရဲလ်​အသင်းဟာ ဗလင်​စီယာအသင်းကို အနိုင်​မရခဲ့တာ​ကြောင့်​ လာလီဂါအမှတ်​​ပေးဇယားကို ဦး​ဆောင်​​နေ
တဲ့ အက်​သလက်​တီကိုမက်​ဒရစ်​အသင်းနဲ့ ​လေးမှတ်​ကွာဟသွားခဲ့သလို ဒုတိယ​နေရာက ဘာစီလိုနာအသင်းနဲ့လည်း နှစ်​မှတ်​ကွာဟ သွားခဲ့ရပါတယ်​။



ဒါ့​ကြောင့်​ အ​ပြောင်းအလဲပြုလုပ်​ဖို့ အသင်းရဲ့ အ​ရေး​ပေါ်အစည်းအ​ဝေးကို ​ခေါ်ခဲ့ပြီး အခုလို Benitez ကို ထုတ်​ပယ်​ဖို့ ဆုံးဖြတ်​ချက်​ချလိုက်​တာပါ။ သူ့​နေရာမှာ​တော့ ရီးရဲလ်​လူငယ်​အသင်းကို တာဝန်​ယူ​နေတဲ့ ရီးရဲလ်​အသင်းနဲ့ ပြင်​သစ်​ကစားသမား​ဟောင်း Zidane ကို နည်းပြချုပ်​အဖြစ်​ အစားထိုး ခန့်​အပ်​လိုက်​တယ်​လို့ သိရပါတယ်​။

"ကျွန်​​တော်​ ကစားသမား​တွေအတွက်​ အ​ကောင်းဆုံး ကြိုးစား​ပေးသွားမှာပါ။ ကျွန်​​တော်​ရဲ့ အလုပ်​​တွေက မနက်​ဖြန်​ကစ​တော့မှာ​လေ။ အားလုံးအဆင်​​ပြေနိုင်​မယ်​လို့ ယုံကြည်​ပါတယ်​။ ကျွန်​​တော့်​ရဲ့ နှလုံးသား​တွေကို ဒီအသင်းမှာ မြှုပ်​နှံထားတာပါ။ ​ကျေးဇူးတင်​ပါတယ်​ " လို့ Zidane က ​မိတ်​ဆက်​ပွဲမှာ​ပြောကြားခဲ့ပါတယ်​။

Zidane ဟာ ကြီးမားတဲ့နည်းပြတာဝန်​ကို အခုမှ တာဝန်​ယူဖူးတာဖြစ်​ပြီး အသင်းရဲ့ ဘုတ်​အဖွဲ့ရဲ့ ​ထောက်​ခံမှုကို​တော့ အပြည့်​အဝရရှိထားပါတယ်​။ အများစုက​တော့ နည်းပြ​ဟောင်း Mourinho ကို အသင်းနည်းပြ ဖြစ်လာ​​လိမ့်​မယ်​လို့ ​မျှော်​လင့်​ခဲ့​ပေမယ့်​လည်း ရီးရဲလ်​မက်​ဒရစ်​က​တော့ အခုလိုပဲ လူငယ်​အသင်းနည်းပြ Zidane ကို နည်းပြချုပ်​အဖြစ်​ ခန့်​အပ်​လိုက်​တာပါ။


(Paing A K)

No comments:

Post a Comment