iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Tuesday, January 5, 2016

ဘုရင့်နောင်မီးရထားခုံးကျော်တံတားအဆင်း ဒိုင်နာယာဉ်တိမ်းမှောက်


ရန်ကုန် ဇန်နဝါရီ ၎

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အမှတ်(၁)ရပ်ကွက် ၄ လမ်းထိပ် ဈေးဘူတာမှတ်တိုင်အရောက် လိုင်းအမှတ်(၉၆) မထသ ဒိုင်နာယာဉ် အဖြူရောင် 4A/----- တိမ်းမှောက်ခဲ့သည်။

အဆိုပါခရီးသည်တင်ယာဉ်သည် အနောက်မှ အရှေ့သို့ မောင်းနှင်လာ ပြီး ဘုရင့်နောင်မီးရထားခုံးကျော်တံတားအဆင်း ရွှေထီးအိမ်ရာနှင့် (၄)လမ်း ထိပ်ဆုံရာ ဈေးဘူတာမှတ်တိုင်အရောက် လမ်းအလယ်ရှိ ကွန်ကရစ် ဘလောက်တုံးများကို အရှိန်ဖြင့် ဝင်တိုက်မိရာ ဇန်နဝါရီ ၄ ရက် ညနေ ၆ နာရီတွင် ယာဘက်သို့ တိမ်းမှောက်သွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယာဉ်ပေါ်ပါ ခရီးသည်ငါးဦး ဒဏ်ရာအနည်းငယ်စီ(မစိုးရိမ်)ရသဖြင့် အင်းစိန်ဆေးရုံသို့ နှစ်ဦး၊ ရန်ကုန်ဆေးရုံကြီးသို့ သုံးဦးတို့ကို တာဝန်ရှိသူများ က ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ယာဉ်မောင်းသူမှာ တိမ်းရှောင်သွားသောကြောင့် မရမ်းကုန်းနယ်မြေ ယာဉ်မှုစစ်ရဲအုပ် မျိုးတင့်က စုံစမ်းစစ်ဆေးလျက်ရှိသည်။

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

No comments:

Post a Comment