iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Saturday, January 9, 2016

အာဆင်နယ်ကို မပြောင်းချင်တဲ့ အာဖရိက အကောင်းဆုံးကစားသမား



အာဖရိကအကောင်းဆုံးကစားသမားဆုကို Yaya Toure ကို ကျော်ဖြတ်ပြီး ဆွတ်ခူးနိုင်ခဲ့တဲ့ ဒေါ့မွန်တိုက်စစ်မှူး Pierre-Emerick Aubameyang ဟာဆိုရင်တော့ အာဆင်နယ်အသင်းကို ပြောင်းရွှေ့မယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန်လိုက်ပါတယ်။ သူ့ကိုတော့ အာဆင်နယ်အသင်းက ပေါင်သန်းလေးဆယ်ဝန်းကျင်နဲ့ ကမ်းလှမ်းဖို့ သတင်းတွေထွက်နေပြီး မန်ချက်စတာအသင်းနှစ်သင်းကလည်း သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ 

ဂါဘွန်လက်ရွေးစင်တိုက်စစ်မှူးဟာ ဒီနှစ်မှာတော့ ဥရောပရဲ့ အကောင်းဆုံးတိုက်စစ်မှူးစာရင်းထဲမှာ ပါဝင်နေပြီး အသင်းတွေအတော်များများကလည်း သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။ Aubameyang  ဟာ လက်ရှိဘွန်ဒက်စ်လီဂါဂိုးသွင်းအများဆုံးကစားသမားနေရာမှာလည်း ဦးဆောင်လျက်ရှိပါတယ်။ 

" ကျွန်တော် အာဆင်နယ်ကို မသွားချင်းပါဘူး။ ဒေါ့မွန်အသင်းကနေလည်း ပြောင်းရွှေ့မှာ မဟုတ်ပါဘူး " လို့ Aubameyang က ပြောကြားခဲ့ပါတယ်။ ဂါဘွန်လက်ရွေးစင်တိုက်စစ်မှူးဟာ ဒေါ့မွန်အသင်းအတွက် ဘွန်ဒက်စ်လီဂါ ၁၇ ပွဲမှာ ၁၉ ဂိုးအထိ သွင်းယူပေးထားနိုင်တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ 

No comments:

Post a Comment