iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Saturday, January 9, 2016

တစ်နှစ်လုံးနေမှတစ်ကြိမ်သာသန့်စင်ဖို့လိုတဲ့သန့်စင်ခန်း

လက်ရှိကျင်းပနေတဲ့ CES 2016 ပွဲမှာ အလိုအလျောက်သန့်စင်နိုင်တဲ့ ဥာဏ်ရည်ပါရှိပြီး အသုံးပြုသူကိုလည်းဖိအားပေးထားတဲ့ ရေနွေး၊လေနွေး တွေနဲ့သန့်စင်ပေးမယ့်စနစ်ပါရှိမယ့် သန့်စင်ခန်းအသစ်တစ်မျိုးကို Toto ကုမ္ပဏီက မိတ်ဆက်ပြသခဲ့ပါတယ်။

ဒေါ်လာ၉၈၀၀ တန်ဖိုးရှိမယ့်ဒီ Toilet ကိုကနဦးထုတ်လုပ်မှုအနေနဲ့ သန်းလေးဆယ်လောက်ထိထုတ်လုပ်မှာဖြစ်တယ်လို့ဆိုပါတယ်။ ဒီရဲ့ ကိုယ်ပိုင်သန့်စင်စနစ်ကို ပိုးသတ်ဆေးနဲ့ Zarconium & Titanium dioxide သတ္တုကိုပေါင်းစပ်ပြီး အိမ်သာကြွေခွက်ကိုပြုလုပ်ထားတာဖြစ်ပါတယ်။


တစ်ခါရေဖြန်းလိုက်ပြီးရင် ကြွေခွက်ထဲမှာပါရှိတဲ့ ပစ္စည်းတွေက ရေကိုဓာတ်ခွဲပိုးသတ်ပေးမှာဖြစ်တယ်လို့ Toto ပြောရေးဆိုခွင့်ရှိသူကဆိုပါတယ်။ ဒါက အမြဲသုံးရေပိုက်ခေါင်းကနေထွက်လာပြီး ကျလာတဲ့ရေကိုပါသန့်စင်ပစ်မှာပါ၊ အညစ်အကြေးတွေကိုဆေးကြောပြီးရင်ကျလာတဲ့ရေကို ဓာတ်ရည်စိမ်ထားတဲ့ဓာတ်မတိုင်က သန့်စင်ပေးမှာဖြစ်ပါတယ်၊ ခရမ်းလွန်ရောင်ခြည်တွေကိုလည်း မျက်နှာပြင်မှာအားဖြည့်ထားလို့ ရေကိုကြိုက်နှစ်သက်တဲ့ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေကို ပါဝင်တဲ့အောက်ဆီဂျင်အိုင်းယွန်းတွေက ဟန့်တားမှာဖြစ်ပါတယ်။

"သင့်အနေနဲ့ တစ်နှစ်လုံးတစ်ခါမှသန့်ပေးစရာမလိုပါဘူး"လို့သူကဆက်ပြောပါတယ်၊ အခု ကျင်းပပြုလုပ်နေတဲ့ CES 2016 ပွဲကို အိုင်တီမိုဘိုင်းလ်နည်းပညာပစ္စည်းတွေသာမက အိမ်သုံးပစ္စည်းနဲ့ ကားတွေလည်းပါဝင်ပြသနေတာဖြစ်ပါတယ်။



(Blue Lion)

No comments:

Post a Comment