iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Monday, January 4, 2016

ချောင်းသာကြိုးဝိုင်းအတွင်း တောဆင်ရိုင်းသတ်ဖြတ်မှုများ ဖမ်းဆီးရမိ


နေပြည်တော် ဇန်နဝါရီ ၃

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တောရိုင်း တိရစ္ဆာန်များ တရားမဝင် ကူးသန်း ရောင်းဝယ်မှုကို အရှိန်အဟုန်မြှင့် ဖမ်းဆီးလျက်ရှိရာ ဇန်နဝါရီ ၁ ရက် မွန်းလွဲ ၁ နာရီက ပုသိမ်မြို့နယ် ချောင်းသာကြိုးဝိုင်း အကွက်အမှတ် (၅၂) ကျောက်ပုံတောတွင်းစခန်း အနီးတွင် မသင်္ကာဖွယ်လူတစ်ဦးအား တွေ့ရှိစစ်ဆေးခဲ့ရာ (DAYAM) အမျိုးအစား ဆိုင်ကယ်ပေါ်တွင် ဆင်မြီး၊ ဆင်နှာမောင်းအကွင်းခြောက် ၆၆ ခုနှင့် ဆင်အရေခွံခြောက် ပီနံ အိတ်နှစ်လုံး၊ အရှည် ၁၃ လက်မရှိ သားလှီးဓားတို့နှင့်အတူ ပြစ်မှု ကျူးလွန်သူ မောင်ဖိုး ငဖြူကြီးရွာ ငဖဲမြို့နယ်နေသူအား ဖမ်းဆီးရမိ ခဲ့သည်။

ယင်းနောက် သတင်းကွင်းဆက် ဖော်ထုတ်ဖမ်းဆီးခဲ့ရာ ကျောက်ပုံ တောတွင်းစခန်းနှင့် တစ်မိုင်ခန့်အကွာ တွင်ရပ်ထားသော (KENBO) အမျိုး အစား ဆိုင်ကယ်ကိုတွေ့ရှိ၍ စစ်ဆေးရာတွင် ဆင်မြီး၊ ဆင်နှာ မောင်းအကွင်းခြောက် ပီနံအိတ် တစ်လုံး၊ ဆင်အရေခွံခြောက် ပီနံ အိတ်နှစ်လုံးတို့ကို တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း၊ တောတွင်းဝင်ရောက် စစ်ဆေးရာမှ ချောင်းသာကြိုးဝိုင်း၊ အကွက်အမှတ်(၅၂) ရေသိုးချောင်း လက်တက်အတွင်းတွင် အရေခွံ လှီးဖြတ်ထားသည့် ဆင်သေ တစ်ကောင်အားတွေ့ရှိခဲ့ပြီး တိုင်းတာ ချက်အရ အရပ်အမြင့် ရှစ်ပေခြောက် လက်မ၊ လုံးပတ်၁၄ ပေ၊ အလျား ၁၂ ပေ၊ ခန့်မှန်းအသက်(၃၂ နှစ်)ရှိသော တောဆင်ရိုင်းအထီးဖြစ်ကြောင်းနှင့်ဆင်သေအနီး ကိုက် ၅ဝ ခန့်အကွာ တွင် ဆင်သားရေများအား ကြပ်တိုက် သည့်စင်ကို တွေ့ရှိခဲ့ကြောင်း။

ထို့နောက် ပူးပေါင်းအဖွဲ့က လိုက်လံစစ်ဆေးရှာဖွေရာ ရေသိုးကြီး ဆင်စခန်းအနီးနှင့် ရေသိုးရွာအကြား တွင် မသင်္ကာဖွယ်လူတစ်ဦးတွေ့ရှိ သဖြင့် စစ်ဆေးခဲ့ရာ မောင်ချောက် မင်းလွင်ရွာ ငဖဲမြို့နယ်နေသူထံမှ ဆင်မြီးအမြွှာအချောင်း ၃ဝ၊ ဆင် ပစ်ခတ်ရာတွင် အဆိပ်အဖြစ်အသုံးပြု သောဆေးဒန်းကြီးတစ်ထုပ်၊ ဆေးထိုး အပ်တစ်ချောင်း၊ ဖော်စပ်ပြီး အဆိပ် နှစ်ကျပ်သားခန့်တစ်ထုပ် သိမ်း ဆည်းရရှိသဖြင့် ¤င်းအား ဖမ်းဆီး ခဲ့သည်။

ဆင်သတ်ဖြတ်မှု၌ ဖမ်းဆီးရမိ သည့် မောင်ဖိုးနှင့် မောင်ချောက် တို့အား အမှုဖွင့် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။ (သတင်းစဉ်)

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

No comments:

Post a Comment