iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Monday, January 4, 2016

iOS အတွက် Microsoft မှ Selfie application တစ်မျိုးထုတ်လုပ်

Microsoft-Selfie

Microsoft ဟာ Selfies ဓါတ်ပုံရိုက်ခြင်းကိုဝါသနာပါသူ iOS အသုံးပြုသူတို့အတွက် Twist လို့ခေါ်တဲ့ Selfies Application တစ်မျိုးကို ထုတ်လုပ်ခဲ့ပါတယ်။ Selfies ရိုက်ထားတဲ့ ပုံတွေကို Effect ပေါင်းမြောက်များစွာ အသုံးပြုကာ ဓါတ်ပုံကို ပြင်နိုင်ခြင်း၊ အခြား microsoft products များနှင့် ဆက်နွယ်မှု မရှိပဲ Application သီးသန့် ထုတ်လုပ်ထားခြင်း စတဲ့ အချက်တွေနဲ့ iOS အသုံးပြုသူတို့ရဲ့  အကြိုက်တွေ့မှုကိုအရယူနေတာဖြစ်ပါတယ်။
Microsoft ရဲ့ ပြောကြားချက်အရဆိုရင်တော့ သူတို့ရဲ့  Software နဲ့  selfies ရိုက်လိုက်တဲ့အခါ ဓါတ်ပုံထဲက ပုံရိပ်တွေရဲ့ အသက် ၊ ကျား/မ ၊ အသားရောင် ၊ အလင်းအမှောင် စတဲ့အချက်တွေကို သိရှိဖော်ပြနိုင်ပြီး Themes ပေါင်းမြောက်များစွာကို အသုံးပြုကာ မိမိရဲ့  Selfies ဓါတ်ပုံများကို  စွဲဆောင်မှုရှိအောင် ဖန်တီးနိုင်ပါသေးတယ်။ Selfies ဓါတ်ပုံတစ်ပုံကိုကောင်းဆုံး ဓါတ်ပုံတစ်ပုံ ရရှိလာအောင် ဖန်တီးပေးနိုင်တဲ့ Application တစ်မျိုးလည်းဖြစ်ပါတယ်။
Microsoft ဟာ ၂၀၁၅ ခုနှစ်ရဲ့ အစောပိုင်းကာလမှာ အခမဲ့ ဖြန့်ချိခဲ့တဲ့ How-old.net မှာ အသုံးပြုထားတဲ့ feature ကို  အခုSelfies application မှာ အသုံးပြုထားတဲ့အတွက် ဓါတ်ပုံတစ်ပုံရဲ့ အသက်ကို ခန့်မှန်းနိုင်တာဖြစ်ပါတယ်။ ဒါကြောင့် Selfies ဓါတ်ပုံတွေကို စွဲဆောင်မှုရှိတဲ့ Themes ဒီဇိုင်းလှလှလေးတွေနဲ့ အသုံးပြုနိုင်အောင် ပေါင်းစပ် ဖန်တီးလိုက်တော့ Feature စုံလင်တဲ့ Application ဖြစ်လာပါတော့တယ်။  လက်ရှိအချိန်မှာတော့ iOS အတွက်သာ ထုတ်လုပ်ထားတာဖြစ်ပြီး နောက်ပိုင်းAndroid အတွက် ထုတ်လုပ်လိုက်ရင်တော့ လူသုံးအများဆုံး Application တစ်မျိုးဖြစ်လာမှာမလွဲပါပဲ။
Ref : TNW
Aung Ko Htet (MMA)

No comments:

Post a Comment