iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Friday, January 1, 2016

ကွင်းလယ်ကစားသမားနှစ်ယောက်ကို ဈေးကြီးပေးခေါ်ယူဖို့ ကြိုးစားနေတဲ့ မန်ယူ


လာမယ့်ဆောင်းအပြောင်းအရွှေ့ အင်အားကြီးအသင်းတွေရဲ့ လှုပ်ရှားမှုတွေကတော့ အတော်လေးကို စိတ်ဝင်စားစရာကောင်းလာပါပြီ။ အခုဆိုရင်တော့ မန်ယူအသင်းဟာ လာဇီယိုကွင်းလယ်လူ
 Felipe Anderson နဲ့ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ James Rodriguez တို့ကို ခေါ်ယူဖို့ တာစူလျက်ရှိနေတယ်လို့ သိရပါတယ်။ 

လာဇီယိုအသင်းရဲ့ ဘရာဇီးကွင်းလယ်ကစားသမား Anderson ကတော့ လက်ရှိအသင်းမှာ အကောင်းဆုံး ခြေစွမ်းပြကစားလျက်ရှိပြီး ငါးဂိုးသွင်းယူပေးထားနိုင်တယ်လို့ သိရပါတယ်။ မန်ယူအသင်းကတော့ Felipe Anderson အတွက် ပေါင် ၄၅ သန်းလောက်သုံးစွဲသွားမယ်လို့ သိရပြီး အခုလောလောဆယ်မှာတော့ လာဇီယိုအသင်းနဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။ 

မန်ယူအသင်းရဲ့ နောက်ထပ်ပစ်မှတ်တစ်ခုကတော့ ရီးရဲလ်ကွင်းလယ်လူ James Rodriguez ဖြစ်တယ်လို့ သိရပါတယ်။ သူ့ကိုတော့ ရီးရဲလ်အသင်းက ရောင်းထုတ်မှာ မဟုတ်ပေမယ့်လည်း ကာယကံရှင်ကစားသမားကိုယ်တိုင်ကတော့ ရီးရဲလ်အသင်းမှာ ကစားရတာကို မပျော်မရွှင် ဖြစ်နေတယ်လို့ သိရပါတယ်။ 

မန်ယူအသင်းဟာ ရီးရဲလ်အသင်းကနေ အသင်းရဲ့ ကစားသမားဟောင်း C.Ronaldo နဲ့ တောင်ပံကစားသမား Gareth Bale  တို့ကို ခေါ်ယူမယ်လို့  လေသံတွေပစ်ထားခဲ့ပေမယ့်လည်း   နှစ်ယောက်လုံးက လက်ရှိအသင်းမှာသာအနားယူတဲ့အထိကစားသွားမယ်လို့ ပြောကြားလိုက်တာကြောင့် အခုလို ပစ်မှတ်ပြောင်းခဲ့ရတာလည်း ဖြစ်ပါတယ်။ 


မန်ယူအသင်းဟာ Rodriguez ကို ခေါ်ယူမယ်ဆိုရင်တော့ အနည်းဆုံး ပေါင်သန်းငါးဆယ်လောက်သုံးစွဲရမှာဖြစ်တယ်လို့လည်း သိရပါတယ်။ မန်ယူအသင်းဟာ အခုလောလောဆယ်မှာတော့ ခြေစွမ်းကောင်းတဲ့ ကွင်းလယ်တိုက်စစ်ကစားသမားတွေကို အဓိက ရှာဖွေနေခဲ့ပြီး အသင်းမှာ 


လက်ရှိကစားနေတဲ့ Rooney ကလည်း ဒီနေရာနဲ့ အံမဝင်ဖြစ်ခဲ့သလို Mata ကလည်း နည်းပြ Van Gaal လိုချင်လောက်တဲ့အထိ ခြေစွမ်းကောင်းမွန်ခဲ့ခြင်းမရှိတာကြောင့် အခုလို ကွင်းလယ်တိုက်စစ်ကစားသမားနှစ်ယောက်ကို ဈေးကြီးပေးခေါ်ယူဖို့ ကြိုးစားလာတာပဲ ဖြစ်ပါတယ်။ 

No comments:

Post a Comment