iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Thursday, January 28, 2016

မင်းပြားအနိုင်ရပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်ညွှန့် ထောင်တစ်နှစ် ချမှတ်ခံရ


နိရဉ္စရာ၊ ဇန်န၀ါရီ ၂၈

၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ရခိုင်ပြည်နယ် မင်းပြားမြို့နယ် အမှတ် (၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်ညွှန့်ကို  မြေပုံမြို့နယ် တရားရုံးက ပုဒ်မ (၂) ခုနှင့် ထောင် တစ်နှစ် ချလိုက်ကြောင်း ဇနီးဖြစ်သူက ပြောကြားသည်။

သူ့အား ပိုင်နက်ကျူးလွန်မှု၊ ခြိမ်းခြောက်မူ ပုဒ်မများဖြစ်ကြသည့် ၄၅၁ နှင့် ၅၀၆ တို့ဖြင့် ဖြစ်ကြောင်း ဇနီးဖြစ်သူက ပြောဆိုသည်။

မင်းပြားမြို့နယ် တရားရုံးတွင် မမျှတမှုများရှိနိုင်၍ တရားရုံး ပြောင်းလဲရန် မြောက်ဦးခရိုင် တရားရုံးကို အယူခံတင်ခဲ့ရာ မြောက်ဦးခရိုင်တရားရုံးမှ မြေပုံ တရားရုံးကို အမှုအား ဆက်လက် စစ်ဆေးရန် လွဲပြောင်းခဲ့ပြီး ယနေ့ ဇန်ဝါရီလ ၂၈ ရက်နေ့တွင် အမှုနှစ်ခု ဖြင့် ထောင် (၁) နှစ်ချလိုက်ခြင်း ဖြစ်ကြောင်း ဦးလှအောင်ညွှန့် ဇနီးဖြစ်သူက ပြောသည်။

ဦးလှအောင်ညွှန့်အား ပိုင်နက် ကျူးလွန်မှု၊ ခြိမ်းခြောက်မှုဖြင့် တရားစွဲဆိုသူမှာ မင်းပြားမြို့ အောက်ရွာပိုင်းမှ ဒေါ်ဦးမြကြည်ဖြစ်ကြောင်း သိရသည်။

ယခုအမှုမှာ ရွေးကောက်ပွဲတွင် အနိုင် ရရှိသည့် အပေါ် မကျေနပ်သဖြင့် အာဏာရှိသူများက တစ်ဖက်သတ်စွပ်စွဲ လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ယူဆကြောင်း ဦးလှအောင်ညွှန့် ဇနီးက ပြောကြားသည်။

နိရဉ္စရာ၊
http://www.narinjara.com/burmese

No comments:

Post a Comment