iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Thursday, January 28, 2016

"မြဝတီမြို့တွင် လျှို့ဝှက်ဖွင့်လှစ်ထားသော လောင်းကစားရုံများအား သက်ဆိုင်ရာမှ ရှောင်တခင် ဝင်ရောက်ဖမ်းဆီး"


 မြဝတီမြို့တွင် လောင်းကစားရုံများ လျှို့ဝှက်ဖွင့်လှစ်၍ လောင်းကစားမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူးဦးစီးသော ရဲတပ်ဖွဲ့ဝင်များ၊နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်မှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့ဝင် အင်အား ၅၀ ခန့်သည် မြဝတီမြို့အမှတ် ၄ ရပ်ကွက် သီရိလမ်းအတွင်းသို့ ဇန်နဝါရီလ ၂၈ ရက်နေ့-နေ့လယ် ၁၂းဝဝ နာရီအချိန်က ရှောင်တခင်ဝင်ရောက်ဖမ်းဆီးရာ လောင်းကစားရုံ ၂ ရုံကို လောင်းကစားသည့်စက်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ပိုင်ရှင်ဖြစ်သူနှင့်လောင်းကစားနေသူများမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြသည်။


သိမ်းဆည်းရမိသော လောင်းကစားစက်များကို ရဲစခန်းသို့သယ်ဆောင်ပြီး ထွက်ပြေးသွားသောပိုင်ရှင်များကို ဥပဒေအရအ ရေးယူသွားမည်ဖြစ်ကြောင်း ရဲမှူးတင်ထွဋ်က News Watch သို့ပြောသည်။


လွန်ခဲ့သည့် ၅လခန့်က တရားမဝင်လောင်းကစားရုံတစ်ရုံအား ဝင်ရောက်ဖမ်းဆီးသော ရဲတပ်ဖွဲ့ဝင်များကို သေနတ်ဖြင့် ခုခံပစ်ခတ်မှုကြောင့် ရဲတပ်သားတစ်ဦး သေနတ်ဒါဏ်ရာရရှိခဲ့ကြောင်း၊ ထို့ကြောင့် မြဝတီမြို့တွင် လောင်းကစားမှုများဖမ်းဆီးရာ၌ တပ်မတော်၊ နယ်ခြားစောင့်တပ်၊မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်ပြည်သူ့စစ်များပါဝင်သော လက်နက်ကိုင်အဖွဲ့များဖြင့် ပူးပေါင်းဖမ်းဆီးရခြင်းဖြစ်ပါကြောင်း ရဲမှူးတင်ထွဋ်က ပြောသည်။

သက်ဦးနိုင်(မြ၀တီ)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment