iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Monday, January 4, 2016

မင်္ဂလာဆောင်သွားသည့် ထော်လာဂျီ တိမ်းမှောက်၊ ၁ ဦးကွယ်လွန် ၊ ၁၀ ဦးဒဏ်ရာရ



တောင်ကြီး၊ ဇန်န၀ါရီ ၄ ။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟဲဟိုးမြို့နယ်တွင် ဇန်န၀ါရီလ ၄ ရက် မနက်ပိုင်းက မင်္ဂလာဆောင်သို့သွားသည့် ထော်လာဂျီယာဉ် ၁ စင်း တိမ်းမှောက်မှုဖြစ်ပွားခဲ့သောကြောင့် လူ ၁ ဦး သေဆုံးပြီး ၁၀ ဦးဒဏ်ရာ ရရှိသွားကြောင်း၊ ဟဲဟိုးမြို့ခံတစ်ဦးက ဇန်န၀ါရီလ ၄ ရက် (ယနေ့)နံနက်ပိုင်းတွင် ကမ္ဘောဇတိုင်းသတင်းဂျာနယ်သို့ ဆက်သွယ်ပြောကြားသည်။

" ဟဲဟိုးအထွက် လမောင်းရွာ ကနေတောင်လေးလုံးရွာမှာ ကျင်းပတဲ့ မင်္ဂလာဆောင်ကိုသွားတဲ့ ထော်လာဂျီ ယာဉ်တိမ်းမှောက်တာပါ။ လူ ၁ ဦးသေတယ်။ ၁၀ ဦးဒဏ်ရာရပါတယ်။ သေဆုံးဒဏ်ရာရတဲ့သူတွေကို ဟဲဟိုးမြို့ မြတ်စေတနာ လူမှုကူညီရေးအသင်းက တောင်ကြီးစ၀်စံထွန်းဆေးရုံကိုပို့ပေးခဲ့ပါတယ်။" ဟု၎င်းကပြောသည်။

"ဆေးရုံမှာရောက်နေပါတယ်။ ထော်လာဂျီ တိမ်းမှောက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး တာဝန်ကျဆရာဝန်တွေကို မေးဖို့ကြိုးစားနေပါတယ်" ဟု
စ၀်စံထွန်းဆေးရုံသို့ သွားရောက်သတင်းရယူနေသည့် ကမ္ဘောဇတိုင်း သတင်းထောက်က ယနေ့နေ့လယ်ပိုင်းတွင် သတင်းပေးပို့သည်။

မေနိုရာခင်

PHOTO BY - KBZ T
Kanbawza Tai News Journal
https://www.facebook.com/kanbawzatai/

No comments:

Post a Comment