iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Monday, January 4, 2016

အခြေခံ Feature အသစ်တွေနဲ့ ထွက်ပေါ်လာမဲ့ iPhone 7 Plus

iphone 7Plus

Apple ဟာ သူတို့ရဲ့  Products အသစ်နှစ်မျိုးဖြစ်တဲ့ iPhone 7 နဲ့  iPhone 7 Plus ကို အကောင်းဆုံးပုံစံနဲ့ ထုတ်လုပ်လာမယ်လို့ အားလုံးက မျှော်လင့်ထားကြပါတယ်။ အားလုံးမျှော်လင့်ထားတဲ့အတိုင်းပဲ Storage မလုံလောက်မှုနဲ့ ဘက်ထရီကြာရှည်မခံမှု ပြဿနာကို ဖြေရှင်းပေးမဲ့ အခြေခံ Feature အသစ်နှစ်မျိုးကို iPhone 7 Plus မှာ ထည့်သွင်းအသုံးပြုလာဖို့ အစီအစဉ်ရှိနေပါတယ်။ ဘက်ထရီ ကြာရှည်မခံမှုကြောင့် စိတ်ညစ်နေကြတဲ့ Apple အသုံးပြုသူတို့ အတွက် Apple ဟာ 3100 mAh အမျိုးအစားရှိတဲ့ ဘက်ထရီနှင့် Storage ပမာဏ အမြင့်ဆုံးဖြစ်တဲ့ 256 GB အမျိုးအစား Storage ကို အသုံးပြုပြီး iPhone 7 Plus ကိုထုတ်လုပ်မယ်လို့ကောလဟာလအချို့ထွက်ပေါ်လာခဲ့ပါတယ်။
Apple ဟာ iPhone 6 နဲ့  iPhone 6 Plus မှာအသုံးပြုသူတို့ အကြိုက်တွေ့ခဲ့တဲ့ Storage 16 GB ကို iPhone 7 နဲ့  iPhone 7 Plus မှာလည်း ပြန်လည်အသုံးပြုမှာဖြစ်ပါတယ်။ ဒါ့အပြင် မျက်နှာပြင်အရွယ်အစားကလည်း 4.7 လက်မ နဲ့  5.5 လက်မ ကို ပြန်လည်အသုံးပြုအုံးမယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အဓိကကတော့ Apple ဟာ Storage ပမာဏ များများကို ကြိုက်နှစ်သက်တဲ့ iPhone အသုံးပြုသူတွေနဲ့  ဘက်ထရီအား ကြာရှည်ခံခြင်း ကြိုက်နှစ်သက်သူတို့အတွက် iPhone 7 နဲ့  iPhone 7 Plus မှာ ပြင်ဆင် အသုံးပြုလာမှာဖြစ်ပါတယ်။
Apple နဲ့ ပတ်သက်ပြီး ကောလဟာလတွေဘယ်လောက်ပဲ ထွက်ပေါ်လာပါစေ နောက်ဆုံး စက်တင်ဘာ လရောက်တဲ့အချိန်မှာတော့ အားလုံးအကြိုက်တွေ့စေမဲ့ ဖုန်းတစ်လုံးကို Apple ဟာ ဖြန့်ချိနေမြဲပဲဖြစ်ပါတယ်။ ဒါပေမဲ့ Apple ရဲ့  ပွဲမရောက်ခင်အချိန်မှာတော့ ကောလဟာလ သတင်းတွေကတော့ အမျိုးမျိုးထွက်ပေါ်လာအုံးမယ်ဆိုတာ Apple ချစ်သူတို့အသိဆုံးပဲဖြစ်ပါတယ်။
Ref : iPhonehacks
Aung Ko Htet (MMA)

No comments:

Post a Comment