iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Thursday, January 7, 2016

အနားယူဖို့ အသင့်ဖြစ်နေပြီဆိုတဲ့ ရိုးမားတိုက်စစ်မှူး Totti



ရိုးမားအသင်းရဲ့ အသင်းခေါင်းဆောင်နဲ့ ဂန္တဝင်တိုက်စစ်မှူးတစ်ယောက်ဖြစ်တဲ့ Totti ဟာ အသင်းကနေ အနားယူဖို့ အသင့်ဖြစ်နေပြီး သူ့ရဲ့ ဘောလုံးကန်ဖိနပ်တွေကို သိမ်းဆည်းရဖို့ အချိန်နီးကပ်နေပြီလို့ သူ့ရဲ့ ဇနီးသည်ဖြစ်သူက ပြောပါတယ်။ အသက် ၃၉ နှစ်အရွယ်ကစားသမားဟာ အခုလောလောဆယ်မှာတော့ ဒဏ်ရာပြဿနာကြောင့် အနားယူနေရပြီး အသင်းကို ပြန်လာနိုင်ဖို့ ကြံ့ခိုင်မှုမပြည့်ဝသေးပါဘူးလို့ ရိုးမားနည်းပြ Garcia က ပြောခဲ့ပါတယ်။ 

အီတလီသတင်းစာတစ်စောင်ရဲ့ ဖော်ပြချက်အရတော့ ရောမသူရဲကောင်းဟာ အသင်းကနေ အနားယူဖို့ ပြင်ဆင်နေပြီလို့ ဖော်ပြခဲ့ပြီးတဲ့နောက်မှာ Totti ရဲ့ ဇနီးသည်ဖြစ်သူက အခုလို ထပ်မံပြောကြားလိုက်တာပါ။ " အချိန်တွေက တဖြည်းဖြည်းရောက်ရှိလာပါပြီ။ Francesco (Totti) ကလည်း အသက်လေးဆယ်တောင် ပြည့်တော့မှာပါ။ သူဆုံးဖြတ်ချက်တစ်ခုခုကို ချမှတ်မှ ရပါတော့မယ်။ ဒါပေမယ့်လည်း ဘောလုံးလောကမှာတော့ သူကတစ်ထောင့်တစ်နေရာက ပါဝင်ပတ်သက်နေအုံးမှာပါ " လို့  Totti ရဲ့ ဇနီးဖြစ်သူက ပြောပါတယ်။ 

Totti ကတော့ ရိုးမားအသင်းနဲ့ နောက်ထပ်တစ်နှစ်လောက် စာချုပ်သက်တမ်းတိုးချင်နေပြီး ရိုးမားမှာ ၂၅ နှစ်မြောက် ဘောလုံးသမားဘဝကို ဖြတ်သန်းဖို့ စီစဉ်နေတာပါ။ Totti ဟာ အခုလောလောဆယ်မှာတော့ သူ့ရဲ့ သုံးလလောက်ကြာမြင့်နေပြီဖြစ်တဲ့ ပေါင်ကြွက်သားဒဏ်ရာကို အမြန်ဆုံး သက်သာနိုင်ဖို့ကိုသာ ကြိုးစားလျက်ရှိနေပါတယ်။ 

Totti ဟာ ရိုးမားအသင်းမှာ ပွဲပေါင်း ၇၃၀ ပါဝင်ကစားပေးထားပြီး ဂိုး ၃၀၀ အထိ သွင်းယူပေးထာနိုင်ပါတယ်။ သူဟာ စီးရီးအေမှာလည်း ၂၄၄ ဂိုးနဲ့ စီးရီးအေရဲ့ ဒုတိယ ဂိုးသွင်းအများဆုံး ကစားသမားတစ်ယောက်ဖြစ်နေပါတယ်။ 

No comments:

Post a Comment