iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Thursday, January 7, 2016

Marko Grujic ကို ခေါ်ယူနိုင်ခဲ့တဲ့ လီဗာပူးလ်



လီဗာပူးလ်အသင်းရဲ့ ကာလရှည်  ကြိုးပမ်းမှုတစ်ရပ်ဖြစ်တဲ့ ဆာဘီးယားလူငယ် ကွင်းလယ်လူ Marko Grujic ကိုတော့ လီဗာပူးလ်အသင်းက ဆောင်းအပြောင်းအရွှေ့ပထမဆုံး ခေါ်ယူမှုအဖြစ် စတင်လှုပ်ရှားလိုက်ပါပြီ။ ဒီကစားသမားဟာ နည်းပြ Klopp လက်ထက် လီဗာပူးလ်အသင်းရဲ့ ပထမဆုံး ခေါ်ယူမှုလည်း ဖြစ်လာခဲ့ပါတယ်။ သူ့ကိုတော့ ပြောင်းရွှေ့ကြေး ပေါင် ၅.၁ သန်းနဲ့ ဆာဘီးယားကလပ် ရက်စတားဘဲလ်ဂရိတ်အသင်းကနေ ခေါ်ယူလိုက်နိုင်တာပါ။ 

Grujic ဟာဆိုရင်တော့ ဆာဘီးယားနိုင်ငံရဲ့ တောက်ပလာမယ့် ကွင်းလယ်ကစားသမားအဖြစ် သတ်မှတ်ခံထားရပြီး ၂၀၂၀ အထိ လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်းရှိနေမှာဖြစ်ပါတယ်။ Klopp ဟာ အခုလို ဥရောပရဲ့ အလားအလာအကောင်းဆုံး ကစားသမားကို ခေါ်ယူနိုင်ခဲ့လို့ ဝမ်းမြောက်လျက်ရှိပြီး " ကျွန်တော်တို့ Marko ကို ခေါ်ယူနိုင်ခဲ့လို့ အရမ်းကို ဝမ်းသာနေကြပါတယ်။ သူ့မှာ အကောင်းဆုံး စွမ်းဆောင်ရည်တွေရှိပြီး သူ့ကို အချိန်ကြာကြာမြင်တွေ့ရအုံးမှာပါ " လို့ Klopp က လီဗာပူးလ်အသင်းရဲ့  တရားဝင်ဝက်ဘ်ဆိုက်ကို ပြောကြားခဲ့ပါတယ်။ 

" သူက အရပ်အမောင်းလည်း မြင့်မားတယ်။ လျင်မြန်ကောင်းမွန်တဲ့ နည်းစနစ်ပိုင်းဆိုင်ရာ အရည်အချင်းတွေလည်း ရှိတယ်။ သူက ကွင်းလယ်ကစားသမားပီပီ ဘောလုံးကိုလည်း ဆွဲထားနိုင်တယ်။ ဖြတ်တင်မှုတွေကလည်း တိကျတယ် " လို့ Klopp က Grujic  ကို ချီးကျူးခဲ့ပါတယ်။ 

အသက် ၁၉ နှစ်အရွယ်ကစားသမားကတော့ " ကျွန်တော် ကြိုးကြာနီတို့ထဲက တစ်ယောက်ဖြစ်လာလို့ ဂုဏ်ယူပါတယ်။ အန်ဖီးလ်မှာ ကစားပြီး မဲလ်ဝုဒ်မှာ လေ့ကျင့်ခန်းဆင်းရတော့မယ်။ ကျွန်တော့်ရဲ့ အကောင်းဆုံး ကစားသမားဘဝ အချိုးအကွေ့ကို ရောက်လာပြီ။ တတ်နိုင်သလောက် ကြိုးစားသွားမှာပါ။ ဥရောပရဲ့ ပရိသတ်အခိုင်အမာရှိတဲ့ လီဗာပူးလ်မှာ ပေါက်ကွဲပြချင်တယ် " လို့ Grujic က ပြောပါတယ်။ 

No comments:

Post a Comment