iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Monday, February 8, 2016

တရုတ်များမှာ ဥရောပဘောလုံးလောကတစ်ခုလုံးကိုပင် ဝယ်ယူနိုင်ဟု အာစင်ဝင်းဂါးပြောကြား



အာဆင်နယ်နည်းပြ Arsene Wenger (အာစင်ဝင်းဂါး)ကတော့ နောက်ပိုင်းမှာ ဥရောပက ကစားသမားတွေ တရုတ်မြေကို ပြောင်းရွှေ့ကုန်တာနဲ့ ပတ်သက်ပြီး မှတ်ချက်ပေး ဝေဖန်မှုတစ်ချို့ကို ပြုလုပ်ခဲ့ပါတယ်။

နောက်ဆုံးအပြောင်းအရွှေ့တွေအနေနဲ့တော့ ရှက်တာဒိုးနက်ကွင်းလယ်ကစားသမား တိုင်ဆီရာနဲ့ ချယ်လ်ဆီးကွင်းလယ်ကစားသမား ရာမီရက်စ်တို့ကို တရုတ်ကလပ် ကျန်းဆုကျန်းနင်အသင်းက ပေါင်သန်း ၇၀ ကျော်အသုံးပြုပြီးခေါ်ယူသွားခဲ့ပါတယ်။ 

ဒါ့အပြင် ကွမ်ကျိုးအဲဗားဂရင်းအသင်းကလည်း အက်သလက်တီကိုတိုက်စစ်မှူး ဂျက်ဆင်မာတီနက်ဇ်ကို ပေါင်သန်း ၃၀ ဝန်းကျင်နဲ့ ခေါ်ယူသွားပြီးနောက်ပိုင်းမှာတော့ ဘယ်လိုခေါ်ယူမှုတွေကို ပြုလုပ်သွားမယ်ဆိုတာ အတိအကျမသိရသေးပါဘူး။ 

ဒီလို ကစားသမားတွေကို တစ်ယောက်ပြီးတစ်ယောက် ခေါ်ယူနိုင်တဲ့ တရုတ်ကလပ်တွေရဲ့ ဆွဲအားဟာ ဥရောပအတွက် ကြောက်စရာဖြစ်နေတယ်လို့ အာစင်ဝင်းဂါးက ပြောပါတယ်။ 

“ ပရီးမီးယားလိဂ်ဟာလည်း သတိထားသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တရုတ်တွေမှာ ဥရောပဘောလုံးလောကတစ်ခုလုံးကို တရုတ်မြေကို ရောက်အောင်လုပ်နိုင်တဲ့ ငွေကြေးအင်အားတွေရှိပါတယ်။ သူတို့ရဲ့ စီးပွားရေးအသွားအလာက ကြောက်ဖို့ ကောင်းပါတယ်။ အရင်နှစ်တွေကို ခဏပြန်ကြည့်လိုက်ရအောင် ဂျပန်နိုင်ငံကလည်း ဒီလိုခေါ်ယူမှုတွေ လုပ်ခဲ့ဖူးတယ်။ နောက်ပိုင်းမှာတော့ အရှိန်လျော့သွားတယ်။ ”

“ တရုတ်ကတော့ အဲ့လိုမဟုတ်ဘူး။ သူတို့နိုင်ငံရဲ့ နိုင်ငံရေးနဲ့လည်း သက်ဆိုင်နိုင်တယ်။ ကျွန်တော်တို့ စိုးရိမ်ရမယ်။ သူတို့ လာမယ့် အပြောင်းအရွှေ့တွေမှာလည်း တန်ဖိုးကြီး အပြောင်းအရွှေ့တွေကို လုပ်နိုင်တယ်။ ကျွန်တော်ထင်တာကတော့ သူတို့ရဲ့ ပေါင်သန်း ၁၀၀ ပစ်မှတ်ဆိုတာ အသာကလေးရောက်လာနိုင်တယ် ” လို့ အာစင်ဝင်းဂါးက ပြောပါတယ်။

No comments:

Post a Comment