iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Monday, February 8, 2016

မန်ယူအသင်းကို ပြန်လည်တည်ဆောက်နိုင်ဖို့ မော်ရင်ဟိုကို တာဝန်ပေးသွားမယ်လို့ သတင်းထွက်



မန်ယူအသင်းဟာဆိုရင်တော့ လာမယ့်နွေရာသီမှာ နည်းပြ Van Gaal (ဗန်ဟားလ်)ကို ထုတ်ပယ်ပြီး ချယ်လ်ဆီးနည်းပြဟောင်းMourinho (မော်ရင်ဟို)ကို အသင်းပြန်လည် အောင်မြင်ရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်တာဝန်ယူနိုင်ဖို့အတွက် တာဝန်တွေပေးအပ်သွားဖွယ်ရှိနေတယ်လို့ သိရပါတယ်။ 

မန်ယူအသင်းဟာဆိုရင်တော့ သူတို့ရဲ့ အသင်း နည်းစနစ်အပိုင်းမှာလည်း လူသစ်အားဖြည့်ဖို့ စီစဉ်နေပြီး နည်းစနစ်ဒါရိုက်တာအဖြစ် စပိန်ကလပ် အက်သလက်တီကိုအသင်းရဲ့ နည်းစနစ်ဒါရိုက်တာ အန်ဒရီယာဘာတာကို ခန့်အပ်သွားဖို့ ပစ်မှတ်ထားနေတယ်လို့လည်း သိရပါတယ်။

မန်ယူအသင်းဟာဆိုရင်တော့ ပြီးခဲ့တဲ့နွေအပြောင်းအရွှေ့မှာ အရည်အသွေးကောင်းကစားသမားတွေကို ခေါ်ယူနိုင်မယ့် အခွင့်အရေးတွေ ဆုံးရှုံးခဲ့တာကြောင့် ရီးရဲလ်ဥက္ကဋ္ဌ ပီရက်ဇ်ရဲ့ ဝေဖန်မှုကိုလည်း ခံခဲ့ရပြီး အမှုဆောင်ချုပ် အက်ဒ်ဝုဒ်ဝတ်ဦးဆောင်တဲ့ မန်ယူအသင်းရဲ့ ဒါရိုက်တာတွေဟာ အတွေ့အကြုံ နည်းပါးလွန်းတယ်လို့ အပြောခံခဲ့ရပါတယ်။ 

မန်ယူအသင်းဟာဆိုရင်တော့ လာမယ့် နွေရာသီမှာ ကစားသမားအပြောင်းအလဲတွေတင်မကပဲ အသင်းရဲ့ တာဝန်ရှိသူနေရာအတော်များများကိုလည်း ပြောင်းလဲသွားဖွယ်ရှိပြီး အောင်မြင်မှုတွေ ရယူနိုင်ဖို့အတွက် ရည်ရွယ်ထားတာပါ။ 

မန်ယူအသင်းဟာဆိုရင်တော့ နည်းပြ ဗန်ဟားလ်နေရာမှာ မော်ရင်ဟိုကို တာဝန်ပေးပြီး အသင်းရဲ့ အခြားအပိုင်းတွေမှာလည်း တစ်နယ်ပယ်စီက လက်စောင်းထက်တဲ့သူတွေကို ခေါ်ယူသွားမှာဖြစ်ပါတယ်။

မန်ယူအသင်းဟာ မော်ရင်ဟိုကို ကမ္ဘာ့အမြင့်ဆုံးလစာဖြစ်တဲ့ တစ်နှစ်ကို ပေါင် ၁၆ သန်းအထိပေးသွားဖွယ်ရှိနေပြီး မော်ရင်ဟိုကလည်း မန်စီးတီးနည်းပြဖြစ်လာမယ့် ဂွာဒီယိုလာနဲ့အပြိုင် လာမယ့် ပရီးမီးယားလိဂ်ရာသီမှာ သူ့ရဲ့ နည်းပြစွမ်းဆောင်ရည်တွေကို ပြန်ပြီး ပြသချင်နေတယ်လို့ သိရပါတယ်။ 

မော်ရင်ဟိုနဲ့ မန်ယူအသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက နည်းပြရာထူးအတွက် အနီးကပ်ဆွေးနွေးခဲ့ကြတယ်လို့ သတင်းတွေထွက်လာပြီးတဲ့နောက်မှာ အခုလို မန်ယူအသင်းရဲ့ အစီအစဉ်တွေ ထပ်ပြီး ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။ 

No comments:

Post a Comment