iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Monday, February 8, 2016

သာမန်ကင်မရာတစ်လုံးဖြင့် လက်ဗွေကို ခိုးယူနိုင်



သာမန် ဒီဂျစ်တယ်ကင်မရာကို အသုံးပြုပြီး လက်ဗွေကူးယူနိုင်တဲ့ နည်းလမ်းတစ်ရပ်ကို ဟက်ကာတစ်ဦးက တီထွင်နိုင်ခဲ့ပါတယ်။ ဥရောပအသက်အကြီးဆုံး ဟက်ကာများအစည်းအရုံးမှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Jan Krisslerဟာ ဒီနည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့ပြီး Choas Computer Conference မှာ ရှင်းလင်းပြောကြားခဲ့ပါတယ်။

Jan Krissler ဟာ သူ့ရဲ့ တွေ့ရှိမှုကို Choas Computer Conference မှာ သရုပ်ပြမှုပြုလုပ်ခဲ့ပြီး ဂျာမနီဗဟိုအစိုးရကာကွယ်ရေးဝန်ကြီး Ursula von der Leyen ရဲ့ လက်ဗွေကို VeriFinger အမည်ရှိ ဆော့ဖ်ဝဲလ်ဖြင့် ဒီဂျစ်တယ်ကော်ပီလုပ်ပြခဲ့ပါတယ်။ အောက်တိုဘာလတုန်းက ပြုလုပ်ခဲ့တဲ့ presentation တစ်ခုမှာ Ursula ရှိစဉ်က အာဏာပိုင်များရဲ့ ၉ပေအကွာကနေ မတ်တပ်ရပ်ပြီး လက်ဗွေကို ဓာတ်ပုံရယူခဲ့တာပါ။ Ursula ရဲ့ လက်ဗွေမိတ္တူဟာ တိကျလား မတိကျလားဆိုတာ မသိရပေမဲ့ အလုပ်ဖြစ်မယ်တော့ ထင်ကြောင်း ဟက်ကာ Jan Krissler ကပြောခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး Ursula ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထင်မြင်ချက် တစ်စုံတရာပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

ဟက်ကာ Jan Krissler ဟာ iPhone ရဲ့ လက်ဗွေစနစ်ကို သစ်ဆက်တဲ့ကော် အသုံးပြုပြီး လက်ဗွေတုနဲ့ ဖွင့်ပြခဲ့တာပါ။ ဒီဆွေးနွေးပွဲပြီးရင်တော့ နိုင်ငံရေးသမားတွေဟာ လူထုကြားဟောပြောမယ်ဆိုရင် လက်အိတ်တွေ စွပ်ထားရမယ့် အလားအလာရှိကြောင်း Jan Krissler ကပြောခဲ့ပါတယ်။

No comments:

Post a Comment