iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Wednesday, February 24, 2016

ကိုကာကိုလာဗူးခွံဖြင့် Google Cardboard လုပ်နည်း ပြသ



ကိုကာကိုလာ ကုမ္ဗဏီဟာဆိုရင် ၎င်းတို့ရဲ့ ၁၂ ဗူးပါ ကိုကာကိုလာ ဗူးခွံကို ဘယ်လိုမျိုး Google Cardboard ပြုလုပ်လို့ရတယ်ဆိုတာကို YouTube ပေါ်မှာ ဗီဒီယို တင်ပြီးတော့ ပြသခဲ့ပါတယ်။
 
Google ဟာ Cardboard ဗီဒိယီု ကြည့်ရှုမှုအကြိမ်ပေါင်း ငါးသန်းရှိပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ယင်းကို ကြည့်ခြင်းအားဖြင့် Virtual Reality နဲ့ 360 ဒီဂရီ ဗီဒီယိုဟာ အနာဂတ်မှာ ကြော်ငြာရန် ဈေးကွက် အလားအလာ တစ်ခုလည်းဖြစ်ကြောင်း သက်သေပြခဲ့ပါတယ်။ Cocacola အနေနဲ့ လူသောက်သုံး စားသုံး ကုန်ပစ္စည်းတွေထဲမှာ Cardboard ဖြစ်နိုင်ကြောင်း သက်သေပြတဲ့ ပထမဆုံး ကုမ္ဗဏီဖြစ်ပါတယ်။ ကိုကာကိုလာအနေနဲ့ ဆက်လက်ထုတ်မယ့် ဗူးခွံတွေမှာလည်း Google Cardboard ခေါက်ရန် လမ်းညွန်ပါ ထည့်ပေးသွားနိုင်မှာ ဖြစ်ပါတယ်။
 
ယင်းဟာ Recycle လုပ်တဲ့ နည်းလမ်းတစ်ခုဖြစ်တာကြောင့် အခြားသော ကုမ္ဗဏီများလည်း စိတ်ပါဝင်စားစွာ ပါဝင်နိုင်ကြောင်း ခန့်မှန်းထားပါတယ်။
.
Ref: pocketlint
အောင်ခမ်း (MMAS)

No comments:

Post a Comment